လိုင်စင်မရှိဘဲ ကွမ်းယာဆိုင် ဖွင့်ပါက အရေးယူမယ်လို့ မြို့နယ်စည်ပင် ထုတ်ပြန်

0
417

လုပ်ငန်းလိုင်စင်မရှိဘဲ ကွမ်းယာဆိုင်တွေ ဖွင့်လှစ်ရောင်းချပါက စည်ပင်သာယာဥပဒေအရ အရေးယူသွားမယ်လို့ ကယားပြည်နယ် ဘောလခဲမြို့နယ် စည်ပင်သာယာရေး အဖွဲ့က ကွမ်းယာဆိုင်တွေကို အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

fastphoto1444803986312

အဲဒီထုတ်ပြန်စာအရ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကစပြီး ကွမ်းယာဆိုင်တွေကို လုပ်ငန်းလိုင်စင်ထုတ်ပေးမှာ မဟုတ်တော့ဘဲ လုပ်ငန်းလိုင်စင်မရှိဘဲ ကွမ်းယာဆိုင်ဖွင့်လှစ်ပါက ဥပဒေအရ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဆိုင်ပိုင်ရှင်တွေအနေနဲ့ ကွမ်းယာရောင်းချတဲ့လုပ်ငန်းတွေကို လျှော့ချပြီး အခြားအသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပြောင်းလဲလုပ်ဆောင်ဖို့ တိုက်တွန်းဖော်ပြထားပါတယ်။

ကွမ်းယာစားသုံးတာကြောင့် မြို့သန့်ရှင်းရေးကို ထိခိုက်ပြီး စားသုံးသူတွေအနေနဲ့လည်း နောက်ဆက်တွဲရောဂါများ ဖြစ်ပွားမှု များပြားတာကြောင့် ကွမ်းယာစားသုံးမှုလျှော့ကျပပျောက်ရေး ပညာပေးလုပ်ဆောင်သွားမယ်လို့ အဲဒီစာမှာဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)