ဝန်ကြီးဌာန ၁၅ ခုကို ဖျက်သိမ်း ပြင်ဆင် ဖွဲ့စည်းမယ်လို့ NLD ပြောပြီ

0
460


အစိုးရ၀န်ကြီးဌာန ၁၅ ခုလောက်ကို ဖျက်သိမ်းပြင်ဆင်ဖွဲ့စည်းမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တရားဝင် ပြောကြားလိုက်ပါပြီ။ ဒီအကြောင်းကို MCN နေပြည်တော်သတင်းထောက် မခိုင်သဇင်ဦးပေးပို့ထားပါတယ်။ အပြည့်အစုံကို ရုပ်သံသတင်းပေးပို့ချက်မှု ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

မတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီက ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ဆွေးနွေးမှုတွေအပြီး အဲ့ဒီလို ဆုံးဖြတ်လိုက်တာလို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်ထိန်က ပြောကြားလိုက်တာပါ။ အဲ့ဒီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကိုတော့ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေဖြစ်ကြတဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာမျိုးအောင်တို့ တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဦးဝင်းထိန်က အစည်းအဝေးအတွင်းမှာ အာဏာလွှဲပြောင်းရေး ဆိုင်ရာကိစ္စတွေ၊ သမ္မတရွေးချယ်ရေးနဲ့ အစိုးရအဖွဲ့ဖွဲ့စည်းရေးကိစ္စကို အဓိကထားဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)