နိုင်ငံရေးပြစ်မှုနဲ့ ပြစ်ဒဏ်စီရင်ခံရသူမဖြစ်စေရ အသုံးအနှုံး ခေတ်စနစ်နဲ့ မကိုက်ညီဟု ရွေး/ကော်ပြောပြီ

0
288

 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အရည်အချင်းတွေထဲက နိုင်ငံရေးပြစ်မှုတွေနဲ့ ပြစ်ဒဏ်စီရင်ခံရသူ မဖြစ်စေရဆိုတဲ့ စကားလုံး စကားရပ်ဟာ ခေတ်စနစ်နဲ့ လိုက်လျောညီထွေမှု မရှိတော့ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၃ ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က သတင်းထုတ်ပြန် ပြောကြားလာတာပါ။

အဲ့ဒီလို ပြောကြားတဲ့ နေရာမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ပုဒ်မ ၁၆ မှာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဝင် ပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းတွေနဲ့ပတ်သက်တဲ့ ပြဌာန်းချက် ပုဒ်မ ၁၆ (ဇ) မှာ ဖော်ပြထားတဲ့ “နိုင်ငံရေး ပြစ်မှုဖြင့်သော်လည်းကောင်း၊ အကျင့်စာရိတ္တ ဆိုင်ရာပြစ်မှုဖြင့်သော်လည်းကောင်း တရားရုံး၏ ပြစ်ဒဏ် စီရင်ချက် ကျခံဖူးသူ မဖြစ်စေရ” ဆိုတဲ့ အသုံးအနှုံးဟာ ကိုက်ညီမှု မရှိတော့တဲ့ အကြောင်း တရားဝင် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

12671702_848810008578032_4127946318439978844_o

ဒါအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ခေတ်နစ်စနဲ့ ကိုက်ညီမှု မရှိတဲ့ ဥပဒေတွေကို ပြင်ဆငနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း အဲ့ဒီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)