ရန်ကုန်မြို့လယ်က ယာဉ်ထိန်းရဲ အဆောက်အဦထဲမှာ လူတစ်ဦး သေဆုံးနေ

0
364

ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့် ယာဉ်ထိန်းရဲရုံထဲမှာ သေဆုံးနေတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားအလောင်းကို ဒီကနေ့ (ဇွန် ၃ ရက်) မနက်ပိုင်းက တွေ့ရှိခဲ့ပါတယ်။

 

ye

 

လတ်တလော ယူဆချက်တွေအရ သေဆုံးသူဟာ အအေးမိပြီးသေဆုံးတာဖြစ်နိုင်တယ်လို့ ယူဆပြီး အလောင်းပေါ်မှာတွေ့တဲ့ အထောက်အထားတွေဟာ ခိုင်လုံမှုမရှိတာကြောင့် သေဆုံးသူရဲ့ နေရပ်လိပ်စာကို အတည်ပြုလို့မရသေးဘူးလို့ ကျောက်တားမြို့မရဲစခန်းက ဒုရဲအုပ် နိုင်လင်းက ပြောပါတယ်။

လတ်တလော အခြေနေမှာ ရဲစခန်းအနေနဲ့ သေမှုသေခင်း အဖြစ် အမှုဖွင့်ပြီး ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)