ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ပြုလုပ်

0
377

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့အထိ ရိုက်ကူးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို မန္တလေးမြို့မှာ ဒီကနေ့ ဇွန်လ ၃ ရက်နေ့မှာ စတင်ပြသနေပါတယ်။

13343146_776673265767803_7810844774275547626_n

အဲဒီဓာတ်ပုံပြပွဲကို မင်္ဂလာမန္တလေးမှာရှိတဲ့ သီရိအနုပညာပြခန်းမှာ ၃ ရက်ကြာ ပြသသွားမှာပါ။ အဲဒီဓာတ်ပုံတွေကို ဓာတ်ပုံသတင်းထောက် စောဖိုးခွားက ရိုက်ကူးခဲ့တာဖြစ်ပြီး ဓာတ်ပုံစုစုပေါင်း ၇၁ ပုံပြသထားပါတယ်။

ဒီပြပွဲကနေရရှိလာတဲ့ ဓာတ်ပုံရောင်းရငွေတွေကို ကယားပြည်နယ် ရှားတောဒေသနဲ့ တခြားလိုအပ်တဲ့နေရာတွေမှာ လှူဒါန်းသွားမှာဖြစ်ပါတယ်။

အဲဒီဓာတ်ပုံပြပွဲကို ပြီးခဲ့မေလအတွင်းက ရန်ကုန်မြို့မှာ ပြသခဲ့ပြီး ဓာတ်ပုံရောင်းရငွေ ၆၁ သိန်းကျော်ရှိခဲ့ပါတယ်။ မန္တလေးမြို့မှာ ဒီကနေ့စတင် ပြသနေတဲ့ ဓာတ်ပုံပြပွဲကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)