နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်ပြီး စာတစ်စောင် ဒေါ်အောင်ဆန်းစုကြည်ထံ AAPP ပေးပို့

0
335

နိုင်ငံရေးအကျဉ်းသား အဓိပါယ်ဖွင့်ဆိုချက်နဲ့ပတ်သက်ပြီး  နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်ထံကို နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ဒီကနေ့ ဇွန်လ ၃ ရက်နေ့မှာ မေတ္တာရပ်ခံစာတစ်စောင် ပေးပို့လိုက်ပါတယ်။

 

4204

ဇွန်လ ၂ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရခိုင်ပြည်နယ်မြေပုံမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့် ဆိုရန်ရှိ/မရှိမေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရနဲ့ အဓိပ္ပါယ်ဖွင့်ဆိုရန်မရှိလို့ဖြေကြားခဲ့တာကြောင့် အခုလို မေတ္တာရပ်ခံစာထုတ်ပြန် ပေးပို့ရတာဖြစ်လို့ ပြောပါတယ်။
၂၀၁၆ခုနှစ် ဧပြီလ ၇ ရက်နေ့က နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးနဲ့ ဆက်နွယ်သူတွေ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား/သူ တွေရဲ့လွတ်မြောက်ရေးဟာ အစိုးရရဲ့ ဦးစားပေး လုပ်ဆောင်ရမယ့်လုပ်ငန်းဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ်အနေနဲ့ ပြောကြားထားပေမယ့် ဒီကနေ့ အချိန်အထိ နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်ဖွင့်ဆိုချက် ပေါ်ပေါက်မလာတဲ့အပြင် ထောင်တွေထဲမှာ လက်ရှိနိုင်ငံရေးအကျဉ်းသား ၆၀ကျေ်ရှိနေသေးတာကြောင့် အခုလိုမေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ AAPP  အတွင်းရေးမှုး ကိုတိတ်နိုင်ကပြောကြားပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)