၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီအဖွဲ့နဲ့ ဗိုလ်ချုပ်ဂွမ်မော်အဖွဲ့ တွေ့ဆုံဆွေးနွေး

0
301

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံအကြိုပြင်ဆင်ရေး ကော်မတီအဖွဲ့ဟာ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထပ်ပြီးပါဝင်နိုင်ဖို့အတွက် လက်ရှိလုပ်ငန်းစဉ်တွေနဲ့ မူဝါဒတွေကို ဗိုလ်ချုပ် ဂွမ်မော်ဦးဆောင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ဝင် ၁၃ ဦးတို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ  ဒီကနေ့  ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။

 

yangon-may-27-2016-myanmar-s-state-counselor-aung-422577

၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီအဖွဲ့ဟာ ဇွန်လ ၂ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကိုရောက်ရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ညီလာခံနဲ့ပတ်သက်တဲ့ အစိုးရရဲ့ သဘောထားတွေကို လာရောက်ရှင်းလင်းနေတာဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ ဇွန် ၂ရက်နေ့မှာပဲ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်နဲ့ တွေ့ဆုံခဲ့ပြီး ၂၁ ရာစုပင်လုံညီလာခံရဲ့ အနာဂတ် အစီအစဉ်တွေနဲ့ လက်နက်မထိုးရသေးတဲ့အဖွဲ့တွေကို နိုင်ငံရေးမူဘောင်ရေးဆွဲရာမှာ ဘယ်လိုစီစဉ်သွားမလဲဆိုတာတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက ဗိုလ်ချုပ်စိုင်းထူးဦးဆောင်တဲ့အဖွဲ့နဲ့လည်း တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)