တရားဥပဒေ စိုးမိုးရေး စင်တာလုပ်ငန်းများ အတွက် ဂျပန်နိုင်ငံ ဒေါ်လာတစ်သန်း ထောက်ပံ့

0
314

ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားနဲ့ တောင်ကြီးမြို့တွေမှာ တည်ထောင်ထားတဲ့ တရားဥပဒေစိုးမိုးရေးစင်တာလေးခုအတွက် ဂျပန်နိုင်ငံက ဒေါ်လာတစ်သန်းထောက်ပံ့ခဲ့ပါတယ်။

13346576_1163743426998900_2463976673774835501_n

အဲဒီတရားဥပဒေစိုးမိုးရေးစင်တာတွေကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့အကူအညီနဲ့ဖွင့်လှစ်ထားတာဖြစ်ပြီး အဲဒီစင်တာတွေမှာ မူးယစ်ဆေးဝါးနဲ့ နောက်ဆက်တွဲပြဿနာတွေ၊ အလုပ်သမားကိစ္စတွေ၊ ကျူးကျော်ကိစ္စတွေ၊ မြေယာကိစ္စနဲ့ ကလေးသူငယ်အကြမ်းဖက်မှုကိစ္စတွေ တွေ့ဆုံဆွေးနွေးနိုင်ပါတယ်။

အဲဒီစင်တာတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းညွှန်ချက်နဲ့ လွှတ်တော်ရဲ့သဘောတူညီမှုနဲ့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)