တောထဲမှာ ခုနစ်ရက်ကြာ ပျောက်ဆုံးနေတဲ့ ဂျပန်ကလေးငယ်ကို ပြန်လည်တွေ့ရှိ

0
319

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့စနေနေ့ကတည်းက မိဘများက အပြစ်ပေးတဲ့အနေနဲ့ တောထဲမှာပစ်ထားခဲ့တဲ့ကလေးငယ်ကို အသက်ရှင်လျက် ကျန်းမာစွာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

_89871587_89871584

_89871611_765e5a8e-3572-4b70-8769-bf4e63828119

ပျောက်ဆုံးသွားတဲ့ အသက်(၇)နှစ်အရွုယ် ယာမာတိုတာနိုကာကို သူကျန်ရစ်ခဲ့တဲ့နေရာနဲ့ ကီလိုမီတာအနည်းငယ်ဝေးတဲ့ စစ်တပ်က ဘားတိုက်ထဲမှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တို့တပ်ဖွဲ့ဝင်တစ်ယောက်က စခန်းက အဆောက်အဦတစ်ခုရဲ့တံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ ကလေးကို တွေ့ရတာပါ။ သူက မင်း ယာမာတိုလားလို့ မေးတော့ ကလေးက ဟုတ်ကဲ့လို့ ပြန်ဖြေခဲ့တယ်လို့ ကယ်ဆယ်ရေးအရာရှိက ပြောပါတယ်။
ဒါ့အပြင် ကလေးငယ်က ဆာလောင်နေတယ်လို့ ပြောတာကြောင့် စစ်သားတွေက ရေ၊ ပေါင်မုန့်၊ ထမင်းလုံးတွေ ကျွေးခဲ့တယ်လို့ ဆိုပါတယ်။
ကလေးအဖေဖြစ်သူကတော့ သူ့သားနဲ့ ကယ်ဆယ်ရေးသမားတွေကို တောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။
“ကျွန်တော့်ရဲ့လွန်ကျွံတဲ့အပြုအမူက ကျွန်တော့်သားကို နာကျင်မှုတွေဖြစ်စေခဲ့တယ်လို့ သားဖြစ်သူ ကျန်းမာရေးစစ်ဆေးနေတဲ့ဆေးရုံရှေ့မှာ သတင်းသမားတွေကိုပြောဆိုခဲ့ပါတယ်။
သားကျောင်းက သူငယ်ချင်းတွေ၊ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အားလုံးကို ဒုက္ခပေးမိတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ် လို့ သူက ဆိုပါတယ်။
အခုအချိန်ကစပြီး ကျွန်တော့်သားကို ကျွန်တော် အစွမ်းကုန်ချစ်သွားပါတယ်။ သူနဲ့အတူ လုပ်နိုင်တာထက် ပိုလုပ်သွားမယ်။ သူကြီးပြင်းလာတဲ့အချိန်အထိ သူ့ကို စောင့်ရှောက်သွားမယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)