တရားမ၀င် ၀င်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၅ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီး

0
431

ထိုင်းနိုင်ငံအတွင်းကို တရားမ၀င် ၀င်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၅ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ကာဘူရီနယ်မြေထဲက တောတွင်း တစ်နေရာမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖမ်းဆီးလိုက်တာလို့ ထိုင်းရပ် သတင်းတစ်ပုဒ်မှာ ဖော်ပြ လာတာပါ။ ဖမ်းဆီးလိုက်တဲ့ထဲမှာတော့ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား၂၈ ဦးပါဝင်နေပါတယ်။ စစ်တပ် စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းကာ တောလမ်းကသွားနေချိန် စစ်တပ်က ဖမ်းမိခဲ့တာဖြစ်ပြီး လူကုန်ကူးတဲ့ ဂိုဏ်းသားတွေကိုတော့ မဖမ်းမိ လိုက်လိုက်ဘူးလို့ ထိုင်းရပ် သတင်းက ရေးပါတယ်။ လူကုန်ကူးခံရသူတွေရဲ့ ထွက်ဆိုချက်တွေအရ တစ်ဦးကို ဘတ်ငွေ ၇၀၀၀ ကနေ ၁၅၀၀၀ အထိ လူကုန်ကူးသူတွေကို ပေးခဲ့ကြရတာပါ။ သူတို့ကို တနင်္လာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက် ကြီးမြို့နယ်အခြေစိုက် မြန်မာ လူကုန်ကူးဂိုဏ်းနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီအခြေစိုက် မြန်မာလူကုန်ကူးဂိုဏ်းတို့ ဆက်သွယ်ပြီး ထိုင်းနိုင်ငံအတွင်းမှာ ပန်းရောင်ဘတ်ကဒ် ပြုလုပ်ပေးမယ်ဆိုကာ ထိုင်းနိုင်ငံတောင်ပိုင်းကို ပို့ဆောင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)