ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ 19 ရက်နေ့ကယဉ်မတော်တဆမှုကြောင့် ရွေ့ပြောင်းမြန်မာအလုပ်သမား 1 ဦးသေဆုံး

0
293

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ 19 ရက်နေ့က ယဉ်မတော်တဆဖြစ်ပွားခဲ့ပြီး ရွေ့ပြောင်းမြန်မာအလုပ်သမား 1 ဦးသေဆုံးကာ 16 ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။ ဖူးခတ်မြို့မှာအလုပ်လုပ်ရင်း မြန်မာနိုင်ငံကို ပြန်လာတဲ့ ရွေ့ပြောင်းမြန်မာလုပ်သားတွေ စီးနှင်းလာတဲ့ ယဉ်ဟာ ထိုင်းနိုင်ငံအလည်ပိုင်း ဆူဖန်ဘူရီ ပြည်နယ်မှာ သစ်ပင်ကို ၀င်တိုက်မိရင်း ယဉ်မတော်တဆ ဖြစ်ပွားခဲ့တာပါ။ ထိခိုက်ဒဏ်ရာရခဲ့တဲ့ လူ 16 ယောက်ထဲက 8 ယောက်ဟာ စိုး၇ိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရပြီး ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ အခုလို ယဉ်မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)