MAP Foundation က အမျိုးသမီး အခွင့်အရေး ဆိုင်ရာသင်တန်းတစ်ခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်

0
327

ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် အလုပ်သမား ကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ MAP Foundation (Migrant Assistance Program) က အမျိုးသမီး အခွင့်အရေး ဆိုင်ရာတွေကို သင်တန်းတစ်ခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်က ဘန်ကောက်-မဟာချိုင်ရှိ ဝေလရပ်ကွက်က မြန်မာ့ ဂုဏ်ဆောင် အခြေခံပညာ မူလတန်း ကျောင်းမှာ မြန်မာအမျိုးသမီး အလုပ်သမား အယောက် ၂၀ လောက်ကို သင်တန်းပို့ချပေးတာပါ။ အဲ့ဒီသင်တန်းမှာတော့ အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်ခံရတာ၊ ငွေကြေး စုဆောင်းခြင်းဆိုင်ရာ အကြောင်းအရာတွေ၊ အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ ခွဲခြား ဖိနှိပ်မှု ပပျောက်ရေးဆိုင်ရာ သဘောတူညီမှု စာချုပ် (CEDAW) အကြောင်း၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး အကြောင်းတွေနဲ့ အမျိုးသမီးအခွင့် အရေးတွေအကြောင်းကို ဆွေနွေး ပို့ချပေးတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)