အုတ်ဖိုမြို့က အထက်တန်းကျောင်းနံရံတွေ အက်ကွဲလာတာကြောင့် ပညာသင်ဖို့ ခက်ခဲနေ

0
364

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းက ကျောင်းနံရံတွေ သိသိသာသာကွဲအက်လာတဲ့အတွက် ကျောင်းသား ကျောင်းသူတွေ ဆက်လက် ပညာသင် ကြားဖို့ အခက်အခဲဖြစ်ပေါ်နေပါတယ်။

ဒီသတင်းအပြည့်စုံကိုတော့ MCN သတင်းထောက် မောင်ပန်ကာ ရိုက်ကူးပြီး အောင်ဆန်းဦးက ပေးပို့ထားတာပါ။

အခုလို အန္တရာယ်ရှိတဲ့ ကျောင်းဆောင်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား/သူ ၂၀၀ ကျော်ရဲ့ အသက်အန္တရာယ် ထိခိုက်မှာစိုးရိမ်တဲ့အတွက် တာဝန်ယူ တည်ဆောက်ပေးခဲ့တဲ့ ကုမ္ပဏီအနေနဲ့ ပြန်လည် ပြုပြင်ပေးဖို့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နဲ့ ဆရာဆရာမတွေက မျော်လင့် ကြပါ တယ်။

အဲဒီသံလွင်ကျောင်းဆောင် စတင်အပ်နှံချိန် ၂၀၁၁ ခုနှစ်မှာကလည်း ကျောင်းနံရံ ကွဲအပ်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ကုပ္မဏီက လာရောက်ပြုပြင်ပေးခဲ့ပြီး အခုတစ်ခါ အပ်ကွဲမှု ထက်မံဖြစ်ပေါ်လာချိန်မှာတော့ ကျောင်းသားမိဘတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပြီး တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီကို ဆက်သွယ်ဖို့ အခက်အခဲတွေ ရှိနေတာပါ။

သံလွင်ကျောင်းဆောင်သစ် ဆောက်လုပ်ရေးစီမံကိန်းအတွက် ၂၀၁၀ ခုနှစ်က ပညာရေးရံပုံငွေကျပ် ၂၅၀၀ ကို နိုင်ငံတော်အစိုးရက မြို့နယ်ပညာရေးကို ချထားပေးခဲ့ပြီး အောင်သောင်း-ကုပ္မဏီက တာဝန်ယူ ဆောက်လုပ်ခဲ့တာပါ။ ကျောင်းဆောင်သစ် စီမံကိန်းကို ၂၀၁၀ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်ပညာသင်နှစ်မှာ စတင်ပညာသင်ကြားခဲ့တာဖြစ်ပါတယ်။ ၅ နှစ်ကျော်ကာလအတွင်း အခုလို ပျက်ဆီးမှုတွေ ဖြစ်ပေါ်နေတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)