လမ်းနယ်နမိတ်တိုင်းတာမှုထဲ အိမ်တွေ ပါဝင်နေတာကြောင့် မြိတ်ဒေသခံတွေ စိုးရိမ်နေ

0
378

လမ်းနယ်နိမိတ် သတ်မှတ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေဖြစ်နေတဲ့ မြိတ်ဒေသခံ တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက စိုးရိမ်စရာမလိုဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဒီသတင်း အပြည့် အစုံကိုတော့ MCN သတင်းထောက် ဒေးနိုင် က ပေးပို့ ထားပါတယ်။

မြိတ်မြို့မှာ လမ်းတံတားဦးစီးဌာနက လမ်းနယ်နိမိတ်အတွက်ဆိုပြီး လိုက်လံတိုင်းတာရာမှာ အဆောက်အဦးတွေ၊ အိမ်တွေပါ ပါဝင်နေတာကြောင့် မြိတ်ဒေသခံတွေက စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။
အခုလို ဒေသခံ တွေ စိုရိမ်စိတ်တွေ မြင့်တက်ခဲ့တာဟာ မြို့တွင်း ပေ ၁၀၀ ၊ မြို့ပြင် ပေ ၂၃၀ နဲ့ပတ်သတ်ပြီး နယ်နိမိတ်သတ်မှတ်ခြင်းအပေါ် နားလည်မှု လွှဲပြီး စိုးရိမ်ခဲ့တာဖြစ်တဲ့ အတွက် ဒေသခံတွေကို ခေါ်ယူတွေ့ဆုံကာ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် က ကိုယ်စာလှယ်တွေ ကပြန်လည် ရှင်းပြခဲ့ပါတယ်။

လမ်းနယ်နိမိတ် သတ်မှတ်ချက်ဟာ အရင်ရှိပြီးသား လူနေအိမ် ခြံဝင်းတွေနဲ့ မသက်ဆိုင်ပဲ၊ လမ်းမကြီး များဥပဒေသစ် ပြင်ဆင်ထုတ်ပြန်ခဲ့တဲ့ (၂၄-၇-၂၀၁၄)ရက် နေ့ နောက်ပိုင်း ကျူးကျော်ဆောက် လုပ်သူတွေသာ သက်ဆိုင်တယ်ဆိုတဲ့အကြောင်းကို ရှင်းလင်းပြောကြားခဲ့တာပါ။

အစိုးရ ရဲ့ လမ်းအဆင့်အတန်း မြင့်မားစေရေးအတွက် မြို့တွင်း မြို့ပြင် လမ်းနယ်နိမိတ် သက်မှတ်ခြင်း နဲ့ပတ်သက်ပြီး လမ်းဦးစီးဌာနက ၀န်ထမ်းတွေ တိုင်းတာရာမှာ လူနေအိမ် အဆောက် အဦးတွေနဲ့ ကုမဏီရုံးခန်းတွေ တစ်ဝက်နီးပါး ပါနေတဲ့အတွက် ဘိတ် ဒေသခံ တွေအနေနဲ့ နားလည်မှု လွှဲပြီး စိုးရိမ်စိတ်တွေ မြင့်တက်ခဲ့ ကြတာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)