တိုင်းနဲ့ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ မန္တလေးမှာ လူရွေးချယ်ပွဲ ကျင်းပ

0
466

နေပြည်တော်မှာ ကျင်းပမယ့် ၁၆ ကြိမ်မြောက် တိုင်းနဲ့ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲမှာ မန္တလေး တိုင်းဒေသကြီး ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် မန္တလေးတိုင်းဝန်ကြီးချုပ်ဖလား မြန်မာ့သိုင်း ပြိုင်ပွဲကို ကျင်းပနေပါတယ်။ အဲ့ဒီပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၂) ရက်နေ့က မန္တလေးမြို့ရှိ ချမ်းအေးသာစံ မြို့နယ် ဗထူးမိုးလုံလေလုံအားကစားခန်းမ မှာ ကျင်းပနေတာပါ။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြန်မာ့သိုင်းပြိုင်ပွဲကို ဝမ်းတွင်း၊ မိထ္တိလာ၊ မဟာအောင် မြေမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ် ၊ ချမ်းမြသာစည်မြို့နယ် ၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်စတဲ့ မြို့နယ် (၉) မြို့နယ်က သိုင်းပညာရှင်တွေ လက်သိုင်း၊ ဓါးသိုင်း၊ လှံသိုင်း၊ ကြိုးသိုင်း၊ တုတ်သိုင်းစတဲ့ ပညာရပ်တွေကို ဝင်ရောက်ယှဉ်ပြိုင်နေကြတာပါ။

မြန်မာ့သိုင်းဟာ တိုက်ခိုက်ရေး အသားပေးသိုင်းပညာဖြစ်တဲ့အတွက် နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့ မြန်မာ့သိုင်းအဖွဲ့ချုပ်က အားကစားနှင့် ကာယပညာသိပ္ပံနဲ့ပူးပေါင်းပြီး အားကစားနည်းပုံစံတစ်ခုအဖြစ် ပြောင်း လည်းနိုင်ဖို့ လုပ်ဆောင်နေတာပါ။ အဲ့ဒီအတွက် တိုင်းနဲ့ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို နေပြည်တော်မှာ သြဂုတ်လ ၁၆ ရက်ကနေ ၂၃ ရက်နေ့အထိ ၈ ရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)