အစိုးရသစ်လက်ထက် ပြည်ထဲရေးဝန်ကြီးဌာန ပြောင်းလဲခြင်း မရှိသေးဘူးလို့ ယန်ဟီးလီ ပြော

0
331

အစိုးရသစ်လက်ထက်မှာ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ သိသိသာသာပြောင်းလဲမှုမရှိသေးဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင် သွင်းသူ ရန်ဟီးလီက ပြောကြားလိုက်ပါတယ်။

ဒီသတင်းအပြည့်အစုံကိုတော့ သတင်းထောက်ကေသွယ်က ပေးပို့ထားတာဖြစ်ပါတယ် ။

ပြည်ထဲရေးဝန်ကြီးဌာနက ၀န်ထမ်းအများစုဟာ အရင်အစိုးရလက်ထက်ကသူတွေဖြစ်တာကြောင့် ထိန်းချုပ်ရ ခက်ခဲပြီး ပြောင်းလဲမှုမရှိသေးဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင် သွင်းသူ မစ္စရန်ဟီးလီက ဇူလိုင်က ၁ ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

လက်ရှိအစိုးရအနေနဲ့ဒီမိုကရေစီနည်းကျကျအုပ်ချုပ်နိုင်ဖို့ စိန်ခေါ်မှုတွေရှိနေဖြစ်ပြီး အဲဒီလမ်းစဉ်ကို သွားနိုင်ဖို့ အတွေးအခေါ်နဲ့ အပြုအမူတွေကို အရင်ဆုံးပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာပါ။ ဒါ့အပြင် ယန်ဟီးလီက အစိုးရအပေါ် ထိရှလွယ်တယ်လို့ယူဆရတဲ့ ကိစ္စရပ်တွေကို ဖော်ထုတ်တဲ့အခါမှာလည်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနဲ့လည်း ရှောင်မနေသင့်ကြောင်း ထောက်ပြခဲ့ပါတယ်။

ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာ ရှိတဲ့စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ပတ်သက်လို့တစ်စုံတစ်ရာ ပြောင်းလဲ တိုးတက်မှုမရှိသေးတဲ့အပြင် တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာလည်း လူ့အခွင့် အရေးချိုး ဖောက်မှုတွေ ရှိနေသေးတာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)