တန်ဖိုးနည်း အိမ်ရာ ၀ယ်မယ့် ပြည်သူတွေကို ဘဏ်က နှစ်ရှည်ချေးငွေတွေ ထုတ်ချေးမယ်

0
310

NLD အစိုးရသစ်ရဲ့ တန်းဖိုးနည်း၊ တန်ဘိုးမျှတအိမ်ယာ ပေါင်း ၈ ထောင် ဆောက်လုပ်ပေး မဲ့ စီမံချက်မှာ ၀ယ်ယူမယ့် ပြည်သူတွေအတွက် ချေးငွေ ထုတ်ချေးပေးသွား ဖို့ရှိနေပါတယ်။

ဒီအကြောင်း အပြည့်အစုံ ကို MCN သတင်းထောက် နေမင်းခ က ပေးပို့ထားပါတယ်။

အစိုးရသစ် ရဲ့ စီမံချက်အရ ၂ နှစ်အတွင်း မြန်မာနိုင်ငံအနှံ့မှာ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ယာပေါင်း ၈ ထောင် ဆောက်လုပ်ပေးလျှက်ရှိရာမှာ အဲ့ဒီ အိမ်ယာတွေကို ၀ယ်ယူမဲ့ ပြည်သူတွေ အဆင်ပြေ လွယ်ကူစေဖို့ ချေးငွေ ထုတ်ချေးပေးသွားမယ်လို့ ဆောက်လုပ်ရေးနှင့် အိမ်ယာဖွံ့ဖြိုးရေးဘဏ်က ဥက္ကဌဦးဝင်းဇော် က ပြောကြား လိုက်တာပါ။

အိမ်ယာ ၀ယ်ယူမဲ့ ပြည်သူတွေ အနေနဲ့ အစိုးရ ရဲ့ သက်မှတ်တဲ့ နှုန်းထားအတိုင်း ပထမ အရစ် ၃၀ ရာခိုင်နှုန်းကို ပေးချေးပြီး ကျန်ရှိတဲ့ ၇၀ ရာခိုင်နှုန်းကို အဲ့ဒီဘဏ်က ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီလို တန်ဖိုးတန်ဖိုးမျှတ အိမ်ယာတွေကို ၀ယ်ယူမဲ့ ပြည်သူတွေ အတွက် တိုင်း နဲ့ ပြည်နယ် ၁၄ ခုမှာ ဘဏ်ခွဲတွေ ထပ်မံ ဖွင့်လှစ်သွားမဲ့ အပြင် အိမ်ယာဝယ်မဲ့ ပြည်သူတွေ အလွယ်တကူ ငွေပေးချေနိုင်ဖို့ မိုဘိုင်းစနစ် နဲ့ ပြုလုပ်သွားဖို့လည်း ရှိနေတာပါ။

အဲ့ဒီ စီမံချက်အရ အိမ်ယာတွေ ဆောက်လုပ်လျှက်ရှိရာမှာ လက်ရှိအခြေအနေအထိ မြန်မာနိုင်ငံတစ်ဝန်း မှာ အိမ်ယာပေါင်း ၂ ထောင်ကျော် ဆောက်လုပ်ပြီးစီး နေပြီဖြစ်ပြီး အဲ့ဒီ အိမ်ယာတွေကို မဲစနစ် နဲ့ ပြည်သူတွေ ကိုရောင်းချပေးသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)