မြန်မာ့မြေက မြေမြုပ်မိုင်းကြောင့် ခြေထောက်ပြတ်သွားတဲ့ ဆင်ကလေး

0
322

လွန်ခဲ့တဲ့ (၁၀)နှစ်လောက်က ထိုင်း-မြန်မာနယ်စပ်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားတဲ့ ဆင်ကလေး မိုရှာကို ဇူလိုင်လ တစ်ရက်နေ့က ခြေတု ပြန်လည်တပ်ဆင်ပေးခဲ့တာပါ။

မိုရှာဟာ မြေမြှုပ်မိုင်း နင်းမိစဉ်က အသက်(၇)လသာ ရှိသေးပြီး သူ့ကို အာရှဆင်ဖောင်ဒေးရှင်းက ထိုင်းနိုင်ငံ မြောက်ပိုင်း လန်ပန်းခရိုင်ထဲက ဆင်ဆေးရုံကို ပို့ဆောင်ခဲ့တာပါ။ အဲဒီလိုဖြစ်ပြီး နှစ်နှစ်လောက်ကြာချိန်မှာ ခွဲစိတ်ဆရာဝန် သာချိုင်က ခြေထောက်တု တပ်ဆင်ပေးခဲ့တာပါ။

တဖြည်းဖြည်းကြီးထွားလာချိန်မှာတော့ သူအတွက် ပိုမိုရှည်လျားပြီး ကြံ့ခိုင်မှုရှိတဲ့ ခြေထောက်တု ပြောင်းလဲတပ်ဆင်ပေးခဲ့တာပါ။ သူလမ်းလျှောက်တဲ့အခါ ဟန်ချက်မညီရင် သူကျောရိုးတွေ ကွေးသွားလိမ့်မယ်။ အခု နောက်ဆုံးခြေတုကို သူ မတပ်ရင် သူ သေသွားလိမ့်မယ်လို့ ခွဲစိတ်ဆရာဝန် သာချိုင်က ပြောပါတယ်။

သူရဲ့ ပထမဆုံးခြေတုကို တပ်ဆင်ပေးတုန်းက သူရဲ့ ကိုယ်အလေးချိန်က ၆၀၀ ကီလိုဂရမ်ရှိတယ် အခုချိန်မှာတော့ အလေးချိန်က ကီလိုဂရမ် ၂၀၀၀ ကျော်နေပြီဖြစ်ပါတယ်။ အခု သူ့ကိုတပ်ဆင်ပေးတဲ့ ခြေတုကို သံ၊ ရာဘာနဲ့ ပလတ်စတစ်တွေကို အသုံးပြုပီး ပြုလုပ်ထားတာပါ။

မိုရှာလိုပဲ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ခဲ့ရတဲ့ ဆင်တစ်ကောင်လည်း ဆင်ဆေးရုံမှာ ရှိပါတယ်။ သူ့နာမည်က မိုတာလာဖြစ်ပြီး အသက် ၅၆ နှစ်ရှိပြီဖြစ်ပါတယ်။ သူလည်း ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မြေမြှုပ်မိုင်းကို နင်းမိခဲ့တာဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ပဋိပက္ခများကြောင့် မြေမြှုပ်မိုင်းများ ရှိနေဆဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)