သက်တမ်းလွန်ဆေးဝါး ကျပ်သိန်း ၅၀၀၀ ကျော်ဖိုး မန္တလေးမှာ မီးရှို့ဖျက်ဆီး

0
430

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်ထဲက ဆေးဆိုင်နဲ့ ဆေးကုမ္ပဏီတွေက သက်တမ်းလွန်ဆေးဝါး ကျပ်သိန်း ၅၀၀၀ ကျော်ဖိုးကို ဇူလိုင်လ ၂ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

13578471_1779047175663208_1539331779_n

အဲဒီလို မီးရှို့ဖျက်ဆီးတာကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၊ မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ကျန်းမားရေးဦးစီးဌာနနဲ့ ဆေးဆိုင်ပိုင်ရှင်တွေ ပူးပေါင်းပြီး ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာ အေးရိပ်ငြိမ်သုသာန်မှာ ပြုလုပ်ခဲ့တာပါ။

“သက်တမ်းလွန်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတာပါ။ ချမ်းအေးသာစံမြို့နယ်က ဆေးဆိုင်ပေါင်း ၁၅၀ ကျော်ရှိတယ်။ အခြားမြို့နယ်တွေနဲ့ပေါင်းရင် နှစ်ရာကျော်ရှိတယ်။ မေလအတွင်းစစ်ထားတဲ့ ၉၂ဆိုင်က သိမ်းထားတဲ့ဆေးတွေရယ်။ အခုစစ်ထားတယ်တဲ့ ဆေးတွေပါတယ်။ဆေးဆိုင်ပိုင်ရှင်တွေက ပူးပေါင်း ပြီးအပ်တာပါ”လို့ မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ(မန္တလေး) က ညွှန်ကြားရေးမှူး ဒေါက်တာ ဇင်ဇင် နွယ် ကပြောပါတယ်။

ဒီလို မီးရှို့ဖျက်ဆီးရာမှာ မန္တလေးဈေးချိုက ဆေးဆိုင် ၁၀၀ နဲ့ အောင်မြေသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီးစတဲ့ မြို့နယ်အတွင်းက ဆေးဆိုင်တွေက တဲ့ မှတ်ပုံတင်မရှိဆေးဝါးတွေနဲ့ သက်တမ်းလွန် ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးဝါးများနဲ့ သက်တမ်းလွန်းဆေးဝါးတွေကို ဧပြီလအတွင်းက ပထမအကြိမ်အဖြစ် ဖျက်ဆီးခဲ့ပြီး တန်ဖိုး ကျပ်သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိတယ်လို့ FDA က ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)