ခရီးသွားတွေ စိတ်ဝင်စား မြိတ်ကျွန်းစုဒေသကို သန့်ရှင်းသာယာစေဖို့ ဒေသခံတွေကို အမှိုက် စနစ်တကျစွန့်ပစ်နည်း သင်တန်းပေး

0
390

ပြည်တွင်း ပြည်ပခရီးသွားတွေ မျက်စိကျလာတဲ့ မြိတ်ကျွန်းစုဒေသကို သန့်ရှင်းသာယာစေဖို့ ဒေသခံတွေကို အမှိုက် စနစ်တကျစွန့်ပစ်နည်းနဲ့ အမှိုက်သိမ်းဆည်းနည်းတွေကို သင်ကြားခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို MCN သတင်းထောက် နေမင်းခ က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းတွေထဲက ရေမြစ်ကြီးကျေးရွာ အုပ်စု၊ ဒုံးညောင်မှိုင်းကျေးရွာကို ပြည်တွင် ပြည်ပခရီးသွားတွေ လာရောက်လည်ပတ်မှု မြင့်တက်လာခဲ့တာပါ။ ဒါကြောင့် ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာစပြုနေတဲ့ ဒုံးညောင်မှိုင်းရွာကို သန့်ရှင်းသာယာလှပစေဖို့ ဆာ ကူးရာ ခရီးသွားလုပ်ငန်းနဲ့ လ၀န်းနီနီ International English Language Centre က ကျောင်းသူ/ သားများ အဖွဲ့တွေ ပူးပေါင်းပြီး ဒေသခံတွေကို အမှိုက် စနစ်တကျစွန့်ပစ်နည်းနဲ့ အမှိုက်သိမ်းဆည်းနည်းတွေ ကို သင်တန်းပေးနေတာဖြစ်ပါတယ်။

ဒုံးညောင်မှိုင်းရွာဟာ ပြည်တွင်း ပြည်ပ ခရီးသွားတွေ အများဆုံးလာရောက်တဲ့ ရွာတစ်ရွာဖြစ်ပြီး ပင်လယ်ကမ်းခြေနဲ့ ရွာထဲမှာ စွန့်ပစ်အမှိုက်တွေကို စနစ်တကျစွန့်ပစ်တတ်စေဖို့အတွက် ဒေသခံ ဆလုံ၊ ကရင်နဲ့ မြန်မာလူမျိုးတွေကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ မဖြစ်ပေါ်ဖို့ အခုလို စည်းရုံးလှုံ့ဆော် ပေးနေတာဖြစ်ပါတယ်။

မြိတ်ကျွန်းစုအတွင်းက ကျွန်းတွေကို ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေ သွားရောက်လ ည်ပတ်မှု ဒီနှစ်အတွင်း မြင့်တက်လာနေတယ်လို့ ခရီးသွားလုပ်ငန်းအေဂျင်စီတွေဆီတွေက ပြောပါတယ်။ အဲဒီအထဲကမှ ကျွန်းတွေ ၀ိုင်းရံပြီး ပင်လယ်ပြင်ကို ဗဟိုပြုထားတဲ့ ပင်လယ်ကမ်းခြေတစ်ခု ပိုင်ဆိုင်ထားတဲ့ ဒုံးညောင်မှိုင်းရွာကို ပြည်တွင်း ပြည်ပခရီးသွားတွေ ပိုမိုလာရောက်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)