ဘင်္ဂလားဒေ့ရှ်က စားသောက်ဆိုင်တစ်ခုကို အကြမ်းဖက်သမားတွေ စီးနင်းပြီး လူ ၂၀ ကို ဓားစာခံအဖြစ် ဖမ်းဆီးထား

0
298

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က စားသောက်ဆိုင်တစ်ခုမှာ ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့က သေနတ်သမားတွေ ၀င်ရောက်စီးနင်းပြီး အဆောက်အဦထဲမှာ လူ ၂၀ ဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပါတယ်။

Dhaka_2917235g

အကြမ်းဖက် သေနတ်သမားတွေဟာ ဗုံးတွေခွဲ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အဲဒီစားသောက်ဆိုင်ကို ၀င်ရောက် စီးနင်းခဲ့တာပါ။ အဲဒီ တိုက်ခိုက်မှုအတွင်း ရဲအရာရှိ ၆ ဦးအပါအ၀င် လူ ၂၀ ကျော် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဆောက်အဦကို သေနတ်သမားတွေက ထိန်းချုပ်ထားပြီး ဖမ်းဆီးထားတဲ့ ဓားစားခံ ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဆောက်အဦကို ရဲတွေ ၀ိုင်းထားပြီး အဲဒီအထဲမှာ ပိတ်မိနေတဲ့ နောက်ထပ် ဓားစားခံတွေကို ကွန်မန်ဒို တပ်သား ၁၀၀ ကျော်နဲ့ ကယ်တင်ဖို့ ကြိုစားနေတယ်လို့ ဆိုပါတယ်။

အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က အဲဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ သူတို့ရှိတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)