အစိုးရရဲ့ ကွမ်းစားသုံးမှု လုပ်ဆောင်ချက်ကြောင့် ကွမ်းသီး ဈေးကွက် မထိခိုက်နိုင်

0
382

အစိုးရသစ်ရဲ့ ကွမ်းစားသုံးမှုနဲ့ စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးမှုလျော့နည်း ကျဆင်းရေး ဆောင်ရွက်ချက်ကြောင့် ပြည်တွင်းဈေးကွက်မှာ ရောင်းအားကျဆင်းသွားနိုင်ပေမယ့် အိန္ဒိယကို တင်ပို့နေရတာကြောင့် ဈေးကွက်အနည်းငယ်သာ ထိခိုက်နိုင်တယ်ဆို့ မြိတ်ခရိုင် ကွမ်းသီးနဲ့ သီဟိုဠ်ဆံများအသင်း ဥက္ကဋ္ဌ ဦးမြင့်အေးက ပြောဆိုလိုက်ပါတယ်။

1a7177c9-b9ae-4f30-b416-1722c3b7eebc

တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံးနီးပါး ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်၊ သရက်တွေကို အများဆုံးစိုက်ပျိုးပြီး ရော်ဘာ ဈေးအခြေအနေကြောင့် ရော်ဘာအစားထိုးအဖြစ် ကွမ်းသီးပင်တွေ စိုက်ပျိုးနေတာပါ။ ဒါ့အပြင် အဲဒီဒေသထွက် ကွမ်းသီးတွေက နိုင်ငံအတွက် တစ်ဖက်တစ်လမ်းက နိုင်ငံခြားဝင်ငွေရှာဖွေပေးနေတာလည်းဖြစ်ပါတယ်။

“ ဈေးကွက်အခြေအနေ လျော့ကျသွားမှာကို စိုးရိမ်မှုတော့ နည်းနည်းရှိတယ်။ ဒါပေမယ့် ပြည်တွင်းဖြုန်းအားထက် အိန္ဒိယကို တင်ပို့မှု အနေအထားကောင်းတယ်။ ဒီတော့ ဈေးကွက်အပေါ် ထိခိုက်မှုကတော့ မရှိနိုင်ပါဘူး”လို့ ဦးမြင့်အေးက ပြောပါတယ်။

ကွမ်းသီးတွေကို တစ်အိတ် ၆၅ ပိဿာနှုန်းနဲ့ ထုပ်ပိုးပြီး မြိတ်မှ ရန်ကုန်၊ ရန်ကုန်ကတဆင့် အိန္ဒိယကိုတင်ပို့ကာ ရောင်းချနေတာပါ။ အိန္ဒိယနိုင်ငံဟာ ကွမ်းသီးကို စားသုံးမှုအပြင် ကွမ်းသီးရတဲ့ ထုတ်ကုန်တွေနဲ့ ဆေးဆိုးပန်းရိုက်၊ ကြေးအရောင်တင်ခြင်း၊ ကော်ဇောအရောင်ဆိုးခြင်းတွေမှာ အသုံးပြုနေတာဖြစ်ပါတယ်။

၂၀၁၅-၁၆ ခုနှစ်အတွင်း မြိတ်ခရိုင်မှ ရန်ကုန်ကို တင်ပို့တဲ့ ကွမ်းသီးတန်ချိန်ပေါင်း လေးသောင်းခွဲကျော်ရှိနေတယ်လို့ မိုဘိုင်းစစ်ဆေးရေးအဖွဲ့တွေရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)