မော်လမြိုင်ထောင်အတွင်း ထောင်ပိုင်များ စိတ်ကြွဆေးများ သုံးစွဲနေပြီး ဆေးပြားနှစ်ထောင်ကျော် ဖမ်းမိ

0
398

မော်လမြိုင် အကျဉ်းထောင်အတွင်း ထောင်ပိုင်နဲ့ ဒုထောင်ပိုင်တို့ဟာ မူးယစ်ဆေးဝါးသုံးစွဲနေတယ်လို့ သတင်းရတာကြောင့် အကျဉ်းဦးစီးဌာနက ညွန်ကြားရေးမှူးဦးစီးပြီး ထောင်ကို စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

25374249

ထောင်ပိုင်ဦးခင်မောင်ကြီးနဲ့ ဒုထောင်ပိုင် ဦးစိုးနိုင်တို့ကိုယ်တိုင် မူးယစ်ဆေးဝါးတွေ ကိုယ်တိုင်သုံးစွဲပြီး ဖြန်ချိရောင်းချနေတယ်လို့ သတင်းရတဲ့ အတွက် နေပြည်တော်မှာ ရှိတဲ့အကျဉ်းဦးစီးဌာနချုပ်ကညွန်ကြားရေးမှူးဦးသောင်းတင်ကိုယ်တိုင် ဦးစီးပြီး မွန်ပြည်နယ် ရဲတပ်ဖွဲ့မှုး ရုံးက ရဲအင်အား သုံးဆယ်ကျော်နဲ့ ဝင်ရောက်စီးနှင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထောင်ပိုင်ဦးခင်မောင်ကြီး ဒုထောင်ပိုင် ဦးစိုးနိုင်ထံက စိတ်ကြွဆေးပြား ငါးရာကျော်၊ ငွေ ၁၆သိန်းအပြင် ဟန်းဆက် ၅လုံး၊အပြင် အလုပ်ရုံးခန်း ထုတ်တန်းပေါ်မှ စိတ်ကြွဆေးပြား ၂ထောင်ကျော် ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

ထောင်ပိုင်နှစ်ဦးအပါအဝင် အခြားအဆင့် ထောင်အရာရှိသုံးဦးကိုလည်း ထပ်မံဖမ်းဆီးလိုက်တယ်လို့ ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာပျံ့နှံ့ခဲ့ပါတယ်။
အဲဒီထောင်ကို ပြီးခဲ့တဲ့ မေလကုန်က သက်ဆိုင်ရာ အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာာ မှန်ကန်ကြောင်း ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးမှုး ရုံးကို ပြန်လည်တင်ပြလာတာတော့ မရှိသေးဘူးလို့ MCN သတင်းဌာနက မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာ မွန်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးမှုးရုံးရဲ့တာဝန်ရှိသူတစ်ဦးကပြန်လည်ဖြေကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)