Digital မီးပွိုင့်တွေကို ထိန်းချုပ်ရေးစင်တာအဖြစ် နက္ခတ်တာရာ ပြခန်းနေရာကိုအသုံးပြုဖို့ရှိ

0
333

ရန်ကုန်မြို့ အလုံလမ်းပေါ်က နက္ခတ်တာရာပြခန်းနေရာကို မီးပွိုင့်စောင့်ကြည့် ထိန်းချုပ်ရေးစင်တာအဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။

လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ Digital မီးပွိုင့် ၁၄၅ ခုကို အပြီး တပ်ဆင်သွားမှာဖြစ်ပြီး အဲဒီမီးပွိုင့်တွေမှာ ကားနံပါတ်စောင့်ကြည့်တဲ့ ဆန်ဆာတွေ၊ အရှိန်နှုန်းစောင့်ကြည့်တာတွေ ပါဝင်လာမှာဖြစ်ပါတယ်။ မီးပွိုင့်တွေအတွက်ထိန်းချုပ်မှုအားလုံးကို နက္ခတ်တာရာ ပြခန်းနေရာကနေ စောင့်ကြည့်ပြုလုပ်သွားမှာပါ။ အဲဒီထိန်းချုပ်မှုတွေအတွက် ယာဉ်ထိန်း တပ်ဖွဲ့ဝင်တွေကို သင်တန်းပေးဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ကိုဦးကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)