ဗိုလ်မှုးချုပ်၊ ဗိုလ်မှူးကြီးအချို့အပါအဝင် အရာရှိ ၃၈၄ဦးကို ရာထူးတာဝန်တွေက အနားပေး

0
352

မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှုးချုပ်၊ဗိုလ်မှူးကြီးအချို့အပါအဝင် အရာရှိ ၃၈၄ဦးကို ရာထူးတာဝန်တွေက အနားပေးတော့မယ်ဆိုတဲ့ သတင်းတွေ ဒီကနေ့ လူမှုကွန်ယက်စာ မျက်နှာတွေပေါ်မှာ ပျံနှံခဲ့ပါတယ်။

အဲဒီသတင်းနဲ့ပတ်သက်လို့ ပြည်ပသတင်းဌာနတစ်ခုဖြစ်တဲ့ BBC သတင်းဌာနက ဖော်ပြရာမှာ အနားယူပေးတော့မယ့် တပ်မတော်အရာရှိ ၃၈၄ ဦးသတင်းနဲ့ပတ်သက်ပြီး လတ်တလောမှာ တပ်မတော်အသိုင်းအ၀န်းက အတည်ပြုခြင်းမရှိသလို ငြင်းဆန်မှုလည်းမရှိဘူးလို့ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် အနားပေးမယ့် အရာရှိတွေကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ခိုင်ဖြိုး ပါတီထဲကို ဝင်ရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာနေတဲ့ အသိုင်းအဝန်းက ထင်မြင်ချက်တွေလည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံနှံနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)