အစိုးရက ခန့်ပိုင်ခွင့်ရှိတဲ့ စည်ပင်ကော်မတီဝင် လေးဦးအား ခန့်အပ်ပြီးစီး

0
294

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ငန်းတွေ လစ်ဟာမှု မရှိစေဖို့ ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့က ဇွန်လ ၁-ရက်နေ့မှာ ကော်မတီဝင်လေးဦးကို ခန့်အပ်တာ ဝန်ပေးလိုက်ပါတယ်။

SONY DSC

ရန်ကုန်မြို့တော်စည်ပင်သာယာ ကော်မတီအဖွဲ့ အဖွဲ့ဝင် ၈ ဦး ထားရှိရမယ့်အထဲက အစိုးရအဖွဲ့အနေနဲ့ မြို့တော်ဝန်နဲ့ ကော်မတီဝင်လေးဦးကို စည်ပင်သာယာ ဥပဒေ၊ နည်းပညာတွေအတိုင်း အစိုးရအဖွဲ့ ကနေတိုက်ရိုက် ခန့်အပ်ခဲ့လိုက်တာဖြစ်ပါတယ်။ နောက်ထပ်ကျန်ရှိနေတဲ့ လေးဦးကိုလည်း စည်ပင်သာယာလုပ်ထုံးလုပ်နည်းဥပဒေတွေအတိုင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေနဲ့ ခန့်အပ်ခဲ့သွားရမှာပါ။

အခုခန့်အပ်လိုက်တဲ့ ကော်မတီ ၄ ဦးဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လျာထား သူ ၁၀ ဦးထဲက ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီကော်မတီဝင်လေးဦးမှာ ဒေါ်လှိုင်မော်ဦး (အတွင်းရေးမှုး) ဦးသန်း (တွဲဖက်အတွင်းရေးမှုး) ဒေါ်မေမေသွင်(ကော်မတီဝင်)နဲ့ ဒေါ်သန်းမြင့်အောင်(ကော်မတီဝင်)တို့ ဖြစ်ကြ ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)