ကျားကျောင်းလို့ နာမည်ကြီးတဲ့ ထိုင်းဘုန်းကြီးကျောင်းမှာ ကျားပေါက်စအသေ အကောင် ၄၀ တွေ့ရှိ

0
312

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်က ကျားကျောင်းလို့ လူသိများတဲ့ ဘုန်းကြီးကျောင်းမှာ ကျားပေါက်စအသေ အကောင် ၄၀ ကို ရေခဲသေတ္တာမှာထည့်ထားပုံတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေကို သားရဲတိရစ္ဆာန် ထိန်းသိမ်းရေး ဌာနက ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

 

ကျားကျောင်းလို့လူသိများတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာ နေထိုင်တဲ့ ကျားတွေကို ရွေ့ပြောင်းဖို့ လုပ်ဆောင်နေတဲ့ ၃ ရက်မြောက်နေ့မှာ အခုလိုတွေ့ရှိခဲ့တာပါ။ အဲဒီကျားအသေကောင်တွေထဲမှာရှားပါးမျိုးစိတ်ဖြစ်တဲ့ Bearcat လို့ လူသိများတဲ့ ၀က်ဝံကျားတစ်ကောင်လည်းပါဝင်ပါတယ်။

ကျားကျောင်း ကို သားရဲ တိရိစ္ဆာန် ရောင်းဝယ်မှု၊ တိရစ္ဆာန် ညှဉ်းပန်းမှု၊ တိရစ္ဆာန် အသေတွေနဲ့ မျိုးသုဉ်းလုနီး သက်ရှိ မျိုးစိတ်တွေ တရားမဝင် ပိုင်ဆိုင်မှုတွေနဲ့ စွပ်စွဲခဲ့ထားခဲ့တာပါ။

အဲဒီကျောင်းမှာ ကျားကောင်ရေ ၁၀၀ ကျော်ရှိတာကြောင့် ခရီးသွားဧည့်သည်တွေ အလာများနေတာဖြစ်ပြီး မေလ ၃၁ ရက်နေ့ကတော့ အဲဒီဘုန်းကြီးကျောင်းကို သွားရောက်လည်ပတ်တာကို ရပ်တန့်ဖို့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောင့်ရေးအဖွဲ့က နိုင်ငံခြားခရီးသွားတွေကို တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)