မန်ယူရှေ့တန်း တိုက်စစ်မှူးရပ်ဖို့ဒ်ကို ကြောက်စိတ်မရှိဖို့နဲ့ ယုံကြည်မှုရှိဖို့ ဘရာဇီးဂန္ထ၀င် ဘောလုံးသမား ပီလီ အားပေးစကားပြော

0
274

အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ မန်ယူကစားသမား ရပ်ဖို့ဒ်ကို ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် ဘာမှကြောက်စိတ်မထားဖို့ ဘရာဇီးဂန္ထ၀င်ဘောလုံးသမားပီလီက အားပေးစကားပြောဆိုလိုက်ပါတယ်။

မိမိရဲ့အရည်အချင်းအပေါ် ယုံကြည်မှုအပြည့်ထားပြီး ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် ပြင်ဆင်ထားဖို့ အင်္ဂလန်အသင်းမှာပါဝင်တဲ့ ရပ်ဖို့ဒ်ကို ပီလီက အားပေးစကားပြောဆိုခဲ့တာပါ။

ရပ်ဖို့ဒ်ဟာ သူ့ရဲ့နိုင်ငံတကာလက်ရွေးစင်ပွဲဦးထွက်ပွဲအဖြစ် မေလ ၂၇ ရက်နေ့က သြစတြေးလျအသင်းနဲ့အင်္ဂလန်အသင်းချစ်ကြည်ရေးပွဲမှာစတင်ပါဝင်ကစားခဲ့ပြီး အဲဒီပွဲမှာပဲ ပထမဆုံးနိုင်ငံတကာဂိုးကိုသွင်းယူခဲ့ပါတယ်။

ပီလီဟာ ကမ္ဘာ့ဖလားကို (၃)ကြိမ်ဆွတ်ခူးခဲ့ပြီး ပထမဆုံးကမ္ဘာ့ဖလားကို အသက်(၁၇)နှစ်အရွယ်မှာ ရရှိခဲ့သူဖစ်ပါတယ်။

“ဒီနေ့အချိန်မှာ အသက်အရွယ်က အရေးမကြီးတော့ပါဘူး။ ကြိုတင်ပြင်ဆင်မှုကပဲ အရေးကြီးတာပါ။ ဒါကြောင့် မကြောက်ပါနဲ့။ ကျွန်တော်အောင်မြင်မှုရခဲ့တဲ့အတိုင်း သူ(ရပ်ဖို့ဒ်)လည်း အောင်မြင်ပါစေလို့ ကျွန်တော် ဆန္ဒပြု ပါတယ်” လို့ ပီလီက ပြောဆိုခဲ့ပါတယ်။

“ကျွန်တော် ပထမဆုံးကမ္ဘာ့ဖလားကို မရခင်က ကျွန်တော့်နည်းပြက မင်းရဲ့ကစားဟန်ကြောင့် မင်းဒီအဆင့်ကိုရောက်နေပြီ။ တခြားကစားသမားတွေ မင်းထက်အသက်ကြီးလို့ မင်းမကြောက်ပါနဲ့။ မင်းက ကစားသမားကောင်းတစ်ယောက်ပါလို့ ကျွန်တော့်ကို ပြောခဲ့တယ်။  ရပ်ဖို့ဒ်ကိုလည်း ဒါမျိုးပဲ ပြောချင်ပါတယ်လို့ သူက ထပ်ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ဇွန်လ ၁၁ ရက်နေ့မှာ ရုရှားအသင်းနဲ့ ပွဲဦးထွက်ကစားရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)