အမြန်လမ်းမှာ ကြယ်စင်ဟိန်း ခရီးသည်တင်ယာဉ် တိမ်းမှောက်

0
393

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ကြယ်စင်ဟိန်းခရီးသည်တင်ယာဉ် လမ်းချော်ပြီး တိမ်းမှောက်မှုတစ်ခု ဒီကနေ့ ဇွန်လ ၂ ရက် နံနက် ၂ နာရခွဲခန့်က ဖြစ်ပွားခဲ့ပါတယ်။

13312703_1304677202910671_2157247307766911887_n

13319855_1304677199577338_5775824247141566248_n

ရန်ကုန်က နေပြည်တော်ကိုထွက်ခွာလာတဲ့ ဒီခရီးသည်တင်ယာဉ်ဟာ မှတ်တိုင်အမှတ် ၁၉၉/၄ အကျော်မှာ လမ်းချော်ပြီး လမ်းဘေးကွန်ကရစ်တုံးတွေကို တိုက်မိကာ လမ်းလယ်ကျွန်းအတွင်း တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်

ဒီလိုတိမ်းမှောက်မှုကြောင့် ကျား ၁၂ ဦး၊ မ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပြီး ပလွေး အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ ဒီဖြစ်စဉ်အပေါ် အရေးယူဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)