ပြည်တွင်း ဆန်စားသုံးမှုနှုန်းကို တစ်နှစ်ကို ဆန်တန်ချိန် ၈ သန်း ရှိ

0
316

မြန်မာနိုင်ငံမှာ ပြည်တွင်းဆန်စားသုံးမှုနှုန်းကို တစ်ဦးချင်း စားသုံးမှုနှုန်းနဲ့ တွက်ချက်ထား တဲ့ကိန်းဂဏန်းတွေအရ တစ်နှစ်ကို ဆန်တန်ချိန် ၈ သန်း ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီအကြောင်းကို MCN သတင်းထောက်အောင်ကျော်မိုးက တင်ဆက်ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လူတစ်ဦးချင်းတစ်နှစ်တာ ဆန်စားသုံးမူအတွက် စစ်တမ်းကောက်ယူခဲ့တဲ့ ရလဒ်ကို ဇူလိုင်လ ၁ ရက်နေမှာ ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီစစ်တမ်း ကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က ဆရာတွေ ကျောင်းသားတွေ မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်နဲ့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းက ပူးပေါင်းကောက်ယူခဲ့ကြတာပါ။

အဲ့ဒီ သူတေသန စစ်တမ်းကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုယ်က ကျောင်းသား တစ်ရာကျော်က မြန်မာနိုင်ငံ အနှံအပြားက အိမ်ထောင်စု ငါးထောင်ကျော် လူဦးရေ နှစ်သောင်းခွဲ ခန့်ကို အချက်အလက်တွေကောက်ခံ ထားတာဖြစ်ပါတယ်။
အခုလိုမျိုးမြန်မာနိုင်ငံမှာ ဆန်စားသုံးမူ ကိုတွက်ချက်နိုင်ဖို့ စစ်တမ်းကောက်ယူနိုင်ခဲ့တဲ့ အတွက် စိုက်ပျိုးရေး လုပ်ငန်းတွေကို အထောက်အကူပြုနိုင်မှာဖြစ်ပြီး ပြည်တွင်း ဆန်စပါးထွက်ရှိမူကိုလည်း စစ်တမ်းကောက်ယူ ဖို့ရှိနေတာပါ။

မြန်မာနိုင်ငံ တစ်ဝှမ်း ဆန်စားသုံးမူစစ်တမ်းတွေအရ လူတစ်ဦးဟာ ပျှမ်းမျှ တစ်နှစ်ကို ၁၅၅.၁၄ ကီလို ဂရမ်ဖြစ်ကာ တောနေလူထုကဆန်ကိုပိုမို စားသုံးတာဖြစ်ပြီး မြိုနေ့လူထု ရဲ့ ဆန်စားသုံးမူဟာ ၁၃၃ ကီလို ဂရမ်သာ ရှိနေတယ်လို့ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)