ညလုံးပေါက်ခိုင်းပြီး မစို့မပို့လစာပေးတဲ့ ထိုင်းလုပ်ငန်းရှင်ကို မြန်မာတွေ တရားစွဲ

0
347

ထိုင်းနိုင်ငံ လို့ဘူရီပြည်နယ်ရှိ ကြက်မွေးမြူရေးစခန်းတစ်ခုမှာ မြန်မာအလုပ်သမားတွေအပေါ် ဥပဒေနဲ့မညီဘဲ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ညလုံးပေါက်ခိုင်းစေပြီး လစာအနည်းငယ်ပဲပေးတဲ့ အလုပ်ရှင်ကို ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်က ဇွန်လ ၂၈ ရက်နေ့က တရားစွဲဆိုထားပါတယ်။

အဲဒီ Thammakaset ကြက်မွေးမြူရေးခြံ ၂ ဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး အစားအစာ ကုမ္ပဏီကြီးဖြစ်တဲ့ Betagro လုပ်ငန်းစုကို ကြက်တွေ တင်သွင်းနေတာပါ။အခုလိုတရားစွဲဆိုထားတာကြောင့် အဲဒီအလုပ်သမား ပြဿနတွကို မဖြေရှင်းခင်အထိ ကြက်မွေးမြူရေးခြံနဲ့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းထားရ မှာဖြစ်တယ်လို့ Betagro လုပ်ငန်းအဖွဲ့က ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အလုပ်သမားတွေ အပေါ် အလုပ်ကို မတရားပြုမှုတာနဲ့ ပတ်သတ်လို့ အစပိုင်းမှာ ညှိနိုင်းမှု ပြုလုပ်ခဲ့ပေမဲ့ လက်မခံခဲ့တာကြောင့် အခုလို တရားစွဲဆိုခဲ့ တာဖြစ်တယ်လို့ MWRN ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)