ထိုင်းရောက် မြန်မာတွေ ပြည်တော်ပြန်နိုင်ရေး စိစစ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်

0
315

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံအစိုးရတွေက ပြည်တွင်းစစ်ကြောင့် ပုန်းရှောင်ထွက်ပြေးနေရပြီး ထိုင်းနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့ ဇူလိုင်လ ၁ ရက်နေ့က ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထား ပါတယ်။

အဲဒီလို စာရွက်စာတမ်းတွေ စစ်ဆေးဆောင်ရွက်တာဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း သဘောတူညီမှုလုပ်ထားတဲ့ နယ်စပ်တလျှောက်က ထောင်နဲ့ချီတဲ့ မြန်မာတွေ နေရပ်ပြန်နိုင်ရေး ကတိပေးခဲ့တာရဲ့ ပထမ ခြေလှမ်းဖြစ်ပါတယ်။

အဲဒီနောက် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ပရာယုဒ် ၀မ်ဆူဝမ် ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အဲဒီ ဒုက္ခသည်စခန်းက စာရွက်စာတမ်း စစ်ဆေးရေး ကိစ္စကို အရှိန်မြင့်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ အိမ်ခြေမဲ့ ပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိတ်တန်း ဦးစားပေး လုပ်ငန်းဖြစ်ပါတယ်။ ထိုင်းဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြ တဲ့ မြန်မာနိုင်ငံသား ၁ သိန်းခန့် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)