ဦးဂမ္ဘီရ(ခေါ်) ဦးညီညီလွင်ကို စွဲဆိုထားတဲ့ အမှုအားလုံးကို ရုပ်သိမ်း

0
383

တရားစွဲဆိုခံထားရတဲ့ ဦးဂမ္ဘီရ(ခေါ်) ဦးညီညီလွင်ကို သန်လျင်ခရိုင် တရားရုံးက ရာဇ၀တ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ အရ အမှုအားလုံးကို ရုပ်သိမ်းလိုက်ပြီလို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဇွန်၃၀ရက်က ဦးဂမ္ဘီရကို အရင်အစိုးရလက်ထက်၂၀၁၂ခုနှစ် အတွင်းက ကျုးလွန်ခဲ့တဲ့အမှုတွေအပြင် သန်လျင်မြို့နယ်ရှိ ချိတ်ပိတ်ထားတဲ့ ဓမ္မာရုံတစ်ခုကို ဖွင့်လှစ်ဝင်ရောက်မှုကြောင့် ပုဒ်မ ၄၂၇(အကျိုးပျက်စီးမှု)၊ ပုဒ်မ ၄၄၈(ပိုင်နက်ကျုးလွန်မှု)၊ ပုဒ်မ ၄၅၄ (အိမ်တွင်းပုန်းလျိုဝင်ေ ရာက်မှု) တွေနဲ့ သန်လျင်တရားရုံးက ထပ်မံတရားစွဲဆိုခဲ့တာပါ။

ဒီနေ့မှာတော့ အဲဒီပုဒ်မတွေအပါအဝင် ဦးဂမ္ဘီရ(ခ) ဦးညီညီလွင်ကို တရားစွဲဆိုထားတဲ့ပုဒ်မတွေ အားလုံးကို ပယ်ဖျက်လိုက်တာပါ။ ဒါ့အပြင် ဇွန်လ(၂၈)ရက်နေ့ ဗဟန်းတရာရုံးက ရွှေဝါရောင်လှုပ်ရှားမှုနဲ့ပတ်သတ်ပြီး ရုံးထုတ်ရမန်ယူခဲ့တာဖြစ်ပေမယ့် ဒီနေ့ဇူလိုင်လ (၁)ရက်ဟာ ဦးဂမ္ဘီရ (ခ)ဦးညီညီလွင် ကျခံနေရတဲ့ထောင်ဒဏ် ၆ လ ပြည့်မြောက်တဲ့နေ့ လည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)