သိမ်းဆည်းခံမြေယာကိစ္စတွေကို ခြောက်လအတွင်း ပြေလည်အောင် ဖြေရှင်းပေးသွားမယ်

0
402

လာမယ့်ခြောက်လအတွင်း မြေယာသိမ်း ကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းပေးသွားမယ်လို့ နေပြည်တော်ကောင်စီက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ဇေယျာသီရိမြို့နယ်မှာ လယ်ယာမြေပိုင်ရှင်တွေကို လယ်ယာမြေပြန်လည် ပေးအပ်တဲ့ပွဲမှာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က အဲဒီလို ပြောဆိုလိုက်တာပါ။ အဲဒီ လယ်ယာမြေပြန်လည်ပေးအပ်ပွဲမှာ လယ်ယာမြေ ၈၅ဟက်တာကျော်ကို မူလပိုင်ရှင်တွေကို ပြန်လည်ပေး အပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလယ်မြေတွေကို လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းစာတိုက်တည်ဆောက်ဖို့ သိမ်းယူခဲ့တာဖြစ်ပြီး သိမ်းဆည်းစဉ်က ဟက်တာ ၁၃၀ ကျော် သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကလည်း ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်နဲ့ ဖျာပုံမြို့ နယ်ထဲက လယ်သမား ၃၀၀ ကျော်ကို အစိုးရကသိမ်းယူခဲ့တဲ့ လယ်မြေဟက်တာ ၂၅၀၀ ကျော်ကို ပြန်လည်ပေး အပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)