အမေရိကန်ရဲ့ သတ်မှတ်ချက်အပေါ် စိတ်မကောင်း ဖြစ်မိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

0
332

မြန်မာနိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက်ရေး မလုပ်ဆောင်တဲ့ အဆိုးရွားဆုံးအဆင့် ၂ ကနေ အဆင့် ၃ ကို လျှော့ချခံရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ် ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ လူကုန်ကူးခံနေရသူတွေနဲ့ အဓမ္မခိုင်းစေခံနေရ သူတွေကို ကာကွယ်နိုင်ဖို့ အရှိန်အဟုန်မြင့် ကြိုးပမ်းအားထုတ်ဆောင်ရွက်နေစဉ်မှာ အခုလို အဆင့်လျှော့ ချခဲ့တာနဲ့ ပတ်သတ်လို့ စိတ်မကောင်းဖြစ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၃၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ် လူကုန်ကူးမှု အစီရင်ခံစာမှ ပါရှိတဲ့ အကြံပြုချက်တွေကို အလေးအနက် စဉ်းစားပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ဆက်လက်တိုးမြင့်လုပ်ဆောင်သွားမယ်လို့ အဲဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)