လူငယ်တွေ အခက်အခဲ အစိုးရမင်းတွေ သိစေဖို့ ရုပ်သံလိုင်းနဲ့ ထုတ်လွှင့်မယ်

0
325

လူငယ်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အစိုးရပိုင်းက လူကြီးတွေ တိုက်ရိုက် သိရှိနိုင်ဖို့အတွက် Young People (YOPE) ဆို တဲ့ အွန်လိုင်း ရုပ်သံလိုင်းကို မဇ္စျိမ အွန်လိုင်းမီဒီယာက ထုတ်လွင့်ပေးတော့မှာပါ။

ဒီသတင်းအပြည့်အစုံကိုတော့ သတင်းထောက်နေ မင်းခက ပေးပို့ထားပါတယ်။

Young People (YOPE) အွန်လိုင်း tv အစီအစဉ်ကို ထုတ်လွင့်ရာမှာ အစိုးရပိုင်းအနေနဲ့ လူငယ်ရေးရာတွေ ကို ထဲထဲ ၀င်ဝင် ဆောင်ရွက်လာနိုင်ဖို့ အတွက် ဒီနေ့ ခေတ်စားနေတဲ့ အွန်လိုင်း မီဒီယာကို အသုံးချပြီး အစိုးရပိုင်းက လူကြီးတွေဆီကို အရောက်ပို့နိုင်ပို့ အတွက် ကြိုးစားစီစဉ်ခဲ့တာပါ။

အဲ့ဒီ ရုပ်သံ အစီအစဉ် နဲ့ပတ်သက်ပြီးတော့ ဇွန်လ လ ၃၁ ရက်နေ့ ညနေ ၃ နာရီက ချက်ထရီရန် ဟိုတယ် မှာ မီဒီယာရှင်းလင်းပွဲ ပြုလုပ်ပြီးတော့ မီဒီယာကနေ တစ်ဆင့် ပြည်သူလူထု နဲ့ လူငယ်ထုကို ချပြခဲ့ပါတယ်။

အဲ့ဒီ ရုပ်သံလိုင်းကို အပတ်စဉ် တင်္နလာနေ့က နေပြီး သောကြာနေ့အထိ ညနေ ၅ နာရီ ကနေ ၆ နာရီ ကြားမှာ မဇ္ဈိုမ အွန်လိုင်း မီဒီယာကနေ ထုတ်လွင့်ပေးသွားမှာပါ။ ရုပ်သံလိုင်း ထုတ်လွင့်ရာမှာ လူ ငယ်တွေကြား ဖြစ်ပျက်နေတဲ့ အပြုသဘောဆောင်တဲ့ သဘောထားကွဲလွဲမှုတွေနဲ့ လူငယ်တွေ ကြုံတွေ့ နေရ တဲ့ ဘ၀ ထဲက နေ့စဉ်အခက်အခဲတွေကို Real Store အနေနဲ့ ရိုက်ကူးထုတ်လွ င့်ပေးသွားမှာပါ။

အခုလို Young People (YOPE) အွန်လိုင်း tv အစီအစဉ်ဟာ လက်ရှိ အစိုးရ သစ်ရဲ့ ရက် ၁၀၀ ပြည့် စီမံချက်မှာပါဝင်တဲ့ လူငယ်ရေးရာ မှုဝါဒ ရေးဆွဲရေးမှာ လူငယ်တွေရဲ့ အခက်အခဲတွေကို ရိုက်ကူးပြခြင်းအားဖြင့် လူငယ်ရေးရာ မှုဝါဒအတွက် အထောက်အကူပြုပေးသွားနိုင်တယ်လို့ ယုံကြည်နေတာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)