မြန်မာနိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက်ရေး မလုပ်တဲ့ အဆိုးဆုံးနိုင်ငံအဖြစ် အမေရိကန်က သတ်မှတ်

0
358

မြန်မာနိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက်ရေး မလုပ်တဲ့ အဆိုးဆုံးနိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်လိုက်ပါတယ်။

ဒီအကြောင်းအပြည့်အစုံကို MCN သတင်းထောက် ကေဇွန်နွေး က သတင်းပေးပို့ထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လူကုန်ကူးမှု အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို လူကုန်ကူးမှု မတိုက်ဖျက်တဲ့ စောင့်ကြည့်အဆင့် ၂ ကနေ လုံးဝပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ နိုင်ငံ Tier3 အဆင့် ၃ အဖြစ် လျော့ချသတ်မှတ်လိုက်ပါတယ်။ ထိုင်းနိုင်ငံကိုတော့ အနိမ့်ဆုံးအဆင့် ၃ ကနေ တစ်ဆင့်တက်ပြီး အဆင့် ၂ အဖြစ် ဖော်ပြခဲ့တာဖြစ်ပြီးတော့ မြန်မာနိုင်ငံကိုတော့ တဆင့်လျှော့ချဖော်ပြခဲ့တာပါ။

“ဒီအဆင့်သတ်မှတ်ချက်တွေက အစိုးရရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအပေါ် ထိရောက်မှုစေဖို့ ကျွန်တော် တို့ဌာနရဲ့ အကောင်းဆုံး အကဲဖြတ်မှု ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ တခြားအချက်တွေအပေါ် ဆက်နွယ်ပတ်သက်မှု မရှိပါဘူး အဲဒီ ဆုံးဖြတ်ချက်အတွက် စံနမူနာတွေအပေါ် အခြေခံပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။”
အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အဆိုးဆုံးနိုင်ငံထဲမှာ Uzbekistan နိုင်ငံကိုလည်း ထည့်သွင်းဖော်ပြခဲ့ပြီး Haiti ၊ Sudan နဲ့ Turkmenistan နိုင်ငံတွေလည်း ပါဝင်ပါတယ်။ လို့ ဂျွန်ကယ်ရီက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အဆိုးဆုံးနိုင်ငံထဲမှာ Uzbekistan နိုင်ငံကိုလည်း ထည့်သွင်းဖော်ပြခဲ့ပြီး Haiti ၊ Sudan နဲ့ Turkmenistan နိုင်ငံတွေလည်း ပါဝင်ပါတယ်။

ကျွန်တော်တို့ လူကုန်ကူးမှုအကြောင်းပြောနေတယ် ကျွန်ပြုမှု အကြောင်း ပြောနေတယ် ဒီနေ့အထိ လူပေါင်း သန်း ၂၀ လောက်ဟာ ခောတ်သစ် ကျွန်ပြုမှုကို ခံနေရပါတယ်။ လူပေါင်း သန်း ၂၀ ဆိုတာ ဒီမှာရှိတဲ့ လူတိုင်းလိုပါပဲ နာမည်ရှိတယ် မိသားစုအရေးကိစ္စတွေရှိတယ် ကြမ်းတမ်းမှု တွေကို ကြံကြံခံနေရတယ်။ အခုခောတ်ရဲ့ ငရဲမှာနေနေရတယ် ဒီလိုအတွေ့ အကြုံက ဘယ်သူမှ မကြုံတွေ့သင့်ဘူး။”လို့ ဂျွန်ကယ်ရီက ဆိုပါတယ်။

အခုလို လျှော့ချသတ်မှတ်လိုက်တဲ့အပေါ် လူ့အခွင့်အရေး အဖွဲ့တွေက ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အဲဒီအစီရင်ခံစာ ရေးသားစဉ်ကာလ ၂၀၁၅ ခုထိ မတ်လကုန်ထိ လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဆင့် ၂ အဖြစ် ဆက်ရှိနေပေမဲ့ အခုလိုလွန်ခဲ့တဲ့ ၄ နှစ်ကတည်းက စောင့်ကြည့်အဆင့် ၂ အဖြစ် ဆက်တိုက်ရှိနေခဲ့တာဖြစ်တဲ့အတွက် တဆင့်လျှော့ချ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)