နိုင်ငံဖွံ့ဖြိုးရေး လုပ်မယ်ဆိုရင် အဖမ်းဆီးခံ လယ်သမားတွေ လွတ်ပေးဖို့ တောင်းဆို

0
319

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်မယ်ဆိုရင် အကြောင်းအမျိုးမျိုးနဲ့အကျဉ်းကျခဲ့ရတဲ့ လယ်သမားတွေကိုလက်ရှိ အစိုးရအနေနဲ့ လွှတ်ပေးသွားဖို့မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂက အဖွဲ့က တောင်းဆို လိုက် ပါတယ်။

ဒီသတင်း အပြည့် အ စုံကိုတော့ MCN သတင်း ထောက်ကေသွယ်က ပေးပို့ထားတာဖြစ်ပါတယ် ။

အရင်အစိုးရလက်ထက်က အကြောင်းအမျိုးမျိုးနဲ့အကျဉ်းကျခံထားရတဲ့ တောင်သူ လယ်သမားတွေကို လက်ရှိအစိုးရအနေနဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကိုလုပ်ဆောင်လာနိုင် မှာဖြစ်တယ်လို့ ဒေါ်စုစုနွေး က MCNသတင်းဌာနနဲ့သီးခြားတွေ့ဆုံစဉ်ပြောဆိုလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာ တောင်သူလယ်သမားတွေအနေနဲ့အကျဉ်းကျခံထားရတဲ့သူတွေရှိနေတဲ့အပြင် အမှုရင်ဆိုင်နေရ တာတွေလည်းရှိနေသေးတာဖြစ်ပါတယ်။ ဒါ့အပြင် လယ်သမားတွေကိုတိုက်ရိုက် အကျိုးပြုနိုင်မယ့် တောင်သူ လယ်သမားကာကွယ်ပေးရေး ဥပဒေတွေကိုလည်း အမြန်ဆုံးပြဌာန်း ဆောင်ရွက်ပေးဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။

လယ်သမားတွေအနေနဲ့သဘာဝဘေးအန္တရာယ်ကြောင့်လယ်ယာမြေပျက်စီးဆုံးရှုံးမှုခံနေရတာတွေ၊ လယ်ယာမြေတွေ ကို အတင်းအဓမ္မ သိမ်းဆည်းခံ ရတာတွေ ၊စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်တာတွေစတဲ့ ပြသာနာ ပေါင်းများစွာနဲ့ လက်ရှိမှာ ရင်ဆိုင်ကြုံတွေ့နေရ ဆဲဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)