မိုးညို မြို့နယ်မှာ မြစ်ရေတိုက်စားတာကြောင့် လူနေအိမ် ၁၅၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရ

0
318

မိုးညိုမြို့နယ်က မြစ်မခမြစ်ရေတိုက်စားလာတာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ပန်ကာက ရိုက်ကူးပေးပို့ထားပြီး MCN သတင်းထောက် ကေသွယ်က တင်ဆက်ပေးထားပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းမှာ မြစ်မခမြစ်ရေတိုက်စားလာမှုကြောင့် အင်းတော်တလုပ်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ အင်းတော်တလုပ်ရွာနဲ့ မကျီးကုန်းကျေးရွာတွေက လူနေအိမ်ပေါင်း ၁၅၀ ခန့် ဘေးလွှတ်ရာနေရာတွေကို ပြောင်းရွေ့နေရပါတယ်။

ဒီလို မြစ်ကမ်းပါးများပြိုကျမှုဟာ နှစ်စဉ်ဖြစ်ပေါ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေက ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် နှစ်အိမ်ခန့်သာရွှေ့ပြောင်းခဲ့ရပေမယ့် အခုနှစ်မှာ ကမ်းပါးပြိုကျမှု ပိုမိုဆိုးရွားလာ တာကြောင့် လူနေအိမ်တွေ ပြောင်းရွှေ့နေရတာဖြစ်ပါတယ်။ ဒါ့အပြင် အင်းတော်တ လုပ်ကျေးရွာ အတွင်းမှာရှိတဲ့ စေတီ ၆-ဆူတို့လည်း ကမ်းပါးပြိုကျတဲ့ ဧရိယာနဲ့ နီးစပ်နေပြီဖြစ်ပါ တယ်။

ဒီလိုကမ်းပါးပြိုလာပြီး နေအိမ်တွေ ဖျက်သိမ်းခဲ့ရတာကြောင့် ပြောင်းရွှေ့ဖို့နဲ့ နေထိုင်စားသောက်ဖို့ အခက်အခဲတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ကမ်းပါးပြိုကျမှုကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေက လာရောက်ကူညီပေးဖို့ လိုအပ်နေပြီး သာသနိကအဆောက်အအုံတွေကိုလည်း မပျက်စီးအောင် ကာကွယ်တားဆီးဖို့ လိုအပ်နေတာပါ။

ယခုလို ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်တွေ ပြောင်းရွှေ့ထားရတာတွေအပြင် ကျေးရွာ နှစ်ရွာမှာရှိ တဲ့ ကိုင်းမြေဧကပေါင်း ၃၀-ကျော် ပျက်စီးဆုံးရှုံးနေရပြီဖြစ်ပါတယ်။
သက်ဆိုင်ရာဌာ နတွေ အနေနဲ့ ရေကာတာတွေ၊ မြစ်ကမ်းပါးပြိုကျနေမှုတွေကို ပညာရှင်တွေနဲ့ ကြည့်ရှုစစ်ဆေးပေးဖို့ ဒေသခံတွေက မျှော်လင့်နေတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)