ထိုင်းတော်ဝင် မိသားစုကို စော်ကား ပုတ်ခတ်မှုအတွက် အဆိုတော်တစ်ဦးကို ထိုင်းတရားရုံးက ထောင်ဒဏ် ၇နှစ် ချမှတ်

0
287

ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကို စော်ကား ပုတ်ခတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံရေး တက်ကြွ လုပ်ရှားသူ ကန်းထရီးအဆိုတော်တစ်ဦးကို ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ထိုင်းတော်ဝင်မိသားစုကို အသေရေဖျက်မှု ဥပဒေအရ ဘုရင် ၊ မိဖုရား ၊ ထီးနန်းဆက်ခံသူ၊ ဘုရင့်ကိုယ်စားအုပ်ချုပ်သူ စတဲ့ တော်ဝင်မိသားစုဝင်တွေကို ခြိမ်းခြောက် စော်ကား အသေရေဖျက်တဲ့သူ မည်သူမဆို ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်တယ်လို့ ပြဌာန်းထားတာသလို ခုခံကာကွယ်ခွင့် မရှိပါဘူး။

သာနက်သန၀က်ချာရနွန်လို့ အမည်ရတဲ့ အဲဒီ အမျိုးသားကို မေလ ၃၀ ရက်နေ့က ထိုင်းတရားရုံးကို ခေါ်ဆောင်လာခဲ့ပါတယ်။ပြစ်ဒဏ်က ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုကြာခဲ့တယ်လို့ ရှေ့နေဖြစ်သူကပြောပါတယ်။

တော်ဝင်မိသားစုကို အသေရေဖျက်မှုနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေဟာ စစ်အစိုးရ လက်ထက်ပိုမိုတိုးမြှင့်လာခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ထောင်ဒဏ်နှစ် ၃၀ ထိ ချမှတ်ခံခဲ့ရတဲ့ မှတ်တမ်းရှိခဲ့ပါတယ်။

သာနက်ကို ၂၀၁၄ ခုနှစ်ကတည်းဖမ်းဆီးခဲ့ပြီး သူ့ကို စွပ်စွဲထားတဲ့ စွဲချက်အားလုံးကို အစပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် မေလ ၃၀ ရက်နေ့က ထောင်ဒဏ်ချမှတ်လိုက်တာပါ။ သူဟာ ၂၀၁၃ ခုနှစ်က ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အနီရောင် ရှပ်အကျီ ၀တ်လှုပ်ရှားမှုမှာ ဘုရင်အုပ်ချုပ်ရေးစနစ်ကို အသရေဖျက်တဲ့စကားတွေ ပြောဆိုခဲ့တယ်ဆိုပြီး အခုလို ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)