ယူရို ၂၀၁၆ ပြိုင်ပွဲဟာ အကြမ်းဖက် သမားတွေရဲ့ ပစ်မှတ်ဖြစ်နိုင်တယ်လို့ အမေရိကန် သတိပေး

0
330

ယခုလအတွင်း ပြင်သစ်နိုင်ငံမှာကျင်းပမယ့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲဟာ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။

_89847002_89847001

ဥရောပကိုလာရောက်ကြမယ့် များပြားလှတဲ့ခရီးသွားဧည့်သည်တွေဟာ အကြမ်းဖက်သမားတွေအတွက် ကြီးမားတဲ့ပစ်မှတ် ဖြစ်လိမ့်မယ်လို့ အမေရိကန်အစိုးရဌာနက ပြောကြားခဲ့ပါတယ်။

ယူရို ၂၀၁၆ ပြိုင်ပွဲကို ဇွန် ၁၀ ရက်နေ့ကနေ ဇူလိုင် ၁၀ ရက်နေ့အထိ ပြင်သစ်နိုင်ငံအနှံ့က ဘောလုံးကွင်းတွေမှာ ကျင်းပမှာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံကတော့ ပြီးခဲ့တဲ့နှစ်က ပဲရစ်မြို့မှာ အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုခံရပြီးနောက်ပိုင်း နိုင်ငံကို အရေးပေါ်အခြေအနေကြေညာထားတာဖြစ်ပါတယ်။

အဲဒီအကြမ်းဖက်မှုကို အရက်ဘား၊ စားသောက်ဆိုင်၊ ဇာတ်ရုံနဲ့ ကစားကွင်းတွေအနီး တပြိုင်တည်းပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်တွေကြောင့် လူ ၁၃၀ သေဆုံးပြီး လူအမြောက်အများ ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လထဲမှာလည်း အိမ်နီးချင်းဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်လေဆိပ်နဲ့ ဘူတာရုံတစ်ခုမှာ အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၃၂ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီပြင်သစ်နဲ့ ဘရပ်ဆဲလ်အကြမ်းဖက်မှုတွေကို ပြုလုပ်ခဲ့ကြောင်း အိုင်အက်စ်တို့က ၀န်ခံပြောကြားထားပါတယ်။

ဘောလုံးပရိသတ်အမြောက်အများကတော့ ပြင်သစ်နိုင်ငံမှာကျင်းပမယ့် ထိပ်သီးနိုင်ငံ့လက်ရွေးစင်အသင်းတွေ ပါဝင်မယ့် ယူရို ၂၀၁၆ ပြိုင်ပွဲကို မျှော်လင့်နေကြတာပါ။

အခု အဲဒီပြိုင်ပွဲကို သွားရောက်အားပေးကြမယ့် အမေရိကန်နိုင်ငံသားတွေကို ဥရောပအနှံ့အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်အကြောင်း အမေရိကန်အစိုးရဌာနက သတိပေးပြောကြားနေတာဖြစ်ပါတယ်။

 

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)