တောင်ကိုရီးယားနိုင်ငံမှာ မြေအောက်မီးရထား အဆောက်အဦ ပြိုကျခဲ့တာကြောင့် လူ၎ ဦးသေဆုံး

0
354

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အနီးက Namyangju မြို့မှာဇွန်လ ၁ ရက် ဒီကနေ့မနက်အစောပိုင်းက ဆောက်လက်စ မြေအောက်ရထားး အဆောက်အဦးပြိုကျမှုကြောင့် အလုပ်သမား ၄ ဦး သေဆုံးခဲ့ပြီး ၈ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

South-Korea-Explosion-620x413

အဲဒီ မတော်တဆမှုဟာ မနက် ၇ နာရီ ခွဲခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆောက်အဦး ပြိုကျမှုနဲ့ ပတ်သတ်တဲ့အကြောင်းအရင်းကိုတော့ မီးသတ်ဌာနနဲ့ ကိုးရီးယားမီးရထားကွန်ယက် အာဏာပိုင်တွေက ခုထိ အတည်မပြုရသေးပါဘူး။ တိုးချဲ့ မီးရထားလှိုင်းကို လာမဲ့ ၂၀၂၀ ခုနှစ်မှာ စတင် ပြေးဆွဲဖို့အတွက် စီစဉ်ထားတာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)