NCA မွာ လက္မွတ္ထပ္ထိုးမယ့္ တုိင္းရင္းသားအဖြဲ႔ အစည္း ၃ ဖြဲ႕ ေလာက္ရွိဟုဆို

0
931

၂၀၁၈ ခုႏွစ္တြင္းမွာ NCA သေဘာတူစာခ်ဳပ္မွာ ထပ္မံ လက္မွတ္ေရးထိုးမယ့္ တုိင္းရင္းသားအဖြဲ႔ အစည္း ၃ ဖြဲ႔ ေလာက္ရွိတယ္လို႔ UPDJC အတြင္းေရးမွဴးအဖြဲ႔က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔က က်င္းပတဲ့ NCA လက္မွတ္ေရးထိုးမႈအၿပီး ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC) ရဲ႕ အတြင္းေရးမွဴးအဖြဲ႔၀င္ အၿငိမ္းစား ဗိုလ္ခ်ဳပ္ၾကီး ဦးခင္ေဇာ္ဦးက သတင္းမီဒီယာေတြကို ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ ၂၀၁၈ ခုႏွစ္ထဲမွာ NCA လက္မွတ္ထိုးမယ့္ အဖြဲ႔ ၂ ဖြဲ႔ကေန ၃ အထိ တိုးလာဖို႔ရွိေနၿပီး (UPDJC) အေနနဲ႔ ထိေတြ႔မႈေတြ အမ်ားအျပားျပဳလုပ္ၿပီး ႀကိဳးစားေနတယ္လို႔လည္း ေျပာၾကားခဲ့တာပါ။ ဒါ့အျပင္ တျခားတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္းေတြနဲ႔လည္း ေဆြးေႏြးမႈေတြကို ဆက္လုပ္သြားမယ္လို႔လည္း ဦးခင္ေဇာ္ဦးက ဆိုပါတယ္။

လက္ရွိအေျခအေနမွာေတာ့ တစ္ႏိုင္ငံလံုး ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးကို လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္း ၁၀ ဖြဲ႔အထိ ရွိလာေနတာပါ။

အဲ့ဒီ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္း ၁၀ ဖြဲ႔ကေတာ့ မြန္ျပည္သစ္ပါတီ (NMSP)၊ လားဟူဒီမိုကရက္တစ္ အစည္းအ႐ံုး (LDU)၊ ကရင္အမ်ိဳးသားအစည္းအရံုး(KNU)၊ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ – ၿငိမ္းခ်မ္းေကာင္စီ (KNU/KNLA – PC)၊ ႐ွမ္းျပည္ ျပန္လည္ ထူေထာင္ေရး ေကာင္စီ တပ္မေတာ္ (RCSS)၊ ပအုိဝ္း အမ်ိဳးသား လြတ္ေျမာက္ေရး အဖြဲ႔ခ်ဳပ္ (PNLO)၊ မန္မာႏိုင္ငံလုံး ဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္ တပ္ဦး ABSDF၊ ခ်င္းအမ်ိဳးသား တပ္ဦး (CNF)၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALPနဲ႔ ဒီမိုကေရစီ ကရင္ အက်ဳိးျပဳ တပ္မေတာ္ (DKBA) တို႔ျဖစ္ပါတယ္။ က်န္တဲ့ တိုုင္းရင္းသား လက္နက္ကိုုင္အဖြဲ႔အစည္းေတြျဖစ္တဲ့ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ (KIO) ၊ ကရင္နီအမ်ိဳးသား တိုးတက္ေရး ပါတီ(KNPP) ၊ အမ်ိဳးသားဒီမိုကေရစီ ေသြးစည္းညီညြတ္ေရး တပ္မေတာ္ – ရွမ္းျပည္နယ္ အေရွ႕ပိုင္း (NDAA) ၊နာဂအမ်ိဳးသားဆိုရွယ္လစ္ ေကာင္စီ (NSCN-K) ၊ ပေလာင္ျပည္နယ္လြတ္ေျမာက္ေရးတပ္ဦး (PSLF) ၊ ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP) ၊ ဝ ျပည္ေသြးစည္းညီညြတ္ေရးပါတီ(UWSP) စတဲ့ အဖြဲ႔အစည္းေတြက ေတာ့ လက္မွတ္ေရးထိုုးဖိုု႔ ျငင္းဆိုုထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NCA မှာ လက်မှတ်ထပ်ထိုးမယ့် တိုင်းရင်းသားအဖွဲ့ အစည်း ၃ ဖွဲ့ လောက်ရှိဟုဆို

၂၀၁၈ ခုနှစ်တွင်းမှာ NCA သဘောတူစာချုပ်မှာ ထပ်မံ လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသားအဖွဲ့ အစည်း ၃ ဖွဲ့ လောက်ရှိတယ်လို့ UPDJC အတွင်းရေးမှူးအဖွဲ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပတဲ့ NCA လက်မှတ်ရေးထိုးမှုအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးက သတင်းမီဒီယာတွေကို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ၂၀၁၈ ခုနှစ်ထဲမှာ NCA လက်မှတ်ထိုးမယ့် အဖွဲ့ ၂ ဖွဲ့ကနေ ၃ အထိ တိုးလာဖို့ရှိနေပြီး (UPDJC) အနေနဲ့ ထိတွေ့မှုတွေ အများအပြားပြုလုပ်ပြီး ကြိုးစားနေတယ်လို့လည်း ပြောကြားခဲ့တာပါ။ ဒါ့အပြင် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးမှုတွေကို ဆက်လုပ်သွားမယ်လို့လည်း ဦးခင်ဇော်ဦးက ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့အထိ ရှိလာနေတာပါ။

အဲ့ဒီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ကတော့ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းကောင်စီ (KNU/KNLA – PC)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ တပ်မတော် (RCSS)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPနဲ့ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) တို့ဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ(KNPP) ၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် – ရှမ်းပြည်နယ် အရှေ့ပိုင်း (NDAA) ၊နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ (NSCN-K) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) စတဲ့ အဖွဲ့အစည်းတွေက တော့ လက်မှတ်ရေးထိုးဖို့ ငြင်းဆိုထားပါတယ်။