NCA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ဘာကြောင့် လက်မှတ်မထိုးကြတာလဲ

0
330

ဒီကနေ့ Streamiz Show အစီစဉ်မှာတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ခုနဲ့ အောက်တိုဘာလ ( ၁၅ ) ရက်နေ့ နေပြည်တော်မှာ လက်မှတ်ရေးထိုးဖို့ ရှိနေတဲ့အပေါ် သုံးသပ်နိုင်အောင် ဆက်သွယ်မေးမြန်း တင်ဆက်ပေး သွားမှာဖြစ်ပါတယ်။

အောက်တိုဘာ (၁၅) NCA လက်မှတ်ရေးထိုးမယ့်ထဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ ပထမအဆင့် ပါဝင်ဆွေးနွေးခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့လုံး အားလုံး ဘာကြောင့် မပါဝင်တော့ရတာလဲ။ ဒီလို အားလုံး ပါဝင်မှုမရှိပဲ ရေးထိုးမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို ဒေသတွင်း အပစ်အခက်ရပ်စဲရေးစာချုပ်အဖြစ် RCA အဖြစ် ဝေဖန်မှုတွေ ဘာကြောင့် ရှိနေရတာလဲ လက်မှတ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် နိုင်ငံရေး အကြပ် အတည်းတွေက ဘာတွေရှိနေတာလဲ စတဲ့ အကြောင်းအရာတွေက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးပွဲနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာရန်မျိုးသိမ်းကို MCN သတင်းခန်းကနေ ဆက်သွယ်မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။။။။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံး ပါဝင်ခြင်းမရှိတဲ့ အောက်တိုဘာ (၁၅) NCA လက်မှတ်ရေးထိုးပွဲကနေ တိုင်းပြည်အတွက် အမှန်တကယ် အရေးတကြီး လိုအပ်နေတဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးတွေ တကယ်ပဲ ရရှိလာမလား။ အပြစ်အခက်ရပ်စဲရေး စာချုပ် ချုပ်ပြီးနောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဘယ်လောက် အထိ လုပ်ဆောင်နိုင်မလဲ။ အပြစ်အခက်ရပ်စဲစာချုပ် မချုပ်ဆိုနိုင်ဖြစ်နေကြတဲ့ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ အပြန်အလှန်ယုံကြည်မှုရအောင် ဘယ်လိုတွေ ဆောင်ရွက်ကြမလဲဆိုတာကတော့ စောင့်ကြည့်ရမယ့် ကိစ္စတွေဖြစ်တယ်ဆိုတာကို တင်ပြရင်း Streamiz Show အစီအစဉ်ကို အဆုံးသတ်လိုက်ပါတယ်။