Myanmar News Week ဂ်ာနယ္မွာေဖာ္ျပထားတဲ့ သတင္းနဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္

0
847

ေျမာက္ဦးပစ္ခတ္မႈ ျဖစ္စဥ္နဲ႔ပတ္သက္လို႔ Myanmar News Week ဂ်ာနယ္မွာေဖာ္ျပထားတဲ့ သတင္းစာသားနဲ႔ ပတ္သက္ၿပီးေတာ့ ရခိုင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

မတ္လ ၁၅ ရက္ကေန ၁၈ ရက္ေန႔အတြင္း ရခုိင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာ ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈျဖစ္စဥ္ေတြနဲ႔ ပတ္သက္လို႔ Myanmar News Week ဂ်ာနယ္မွာေဖာ္ျပခဲ့တဲ့ သတင္းတစ္ပုဒ္မွာ ေျမာက္ဦးၿမိဳ႕ေပၚကို AA ေသာင္းက်န္းသူ အဖြဲ႔က လက္နက္အျပည့္နဲ႔ ဝင္ေရာက္ပစ္ခတ္ခဲ့တယ္လို႔ ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေျပာၾကားတယ္ဆို ၿပီး ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

အဲ့ဒီသတင္းေဖာ္ျပခ်က္န႔ဲပတ္သက္ၿပီး ဘယ္မီဒီယာေတြကိုမွ ေျပာဆိုေျဖၾကားေပးျခင္းမရွိခဲ့သလို အခုလို ေရးသားတာဟာ တမင္သက္သက္လုပ္ႀကံတာျဖစ္ၿပီး ရခုိင္လူမ်ိဳးတစ္ခုလံုးကို ေစာ္ကားရာေရာက္တယ္လို႔ မတ္လ ၂၁ ရက္ေန႔က ေျမာက္ဦးၿမိဳ႕ ရခုိင္အမ်ိဳးသားပါတီရံုးမွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဦးထြန္းသာစိန္က ေျပာၾကားခဲ့ပါတယ္။

Sound bite – ဦးထြန္းသာစိန္ (ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္)
ေျမာက္ဦးၿမိဳ႕နယ္ အမွတ္ ၁ မဲဆႏၵနယ္ေျမ၊ ရခိုင္ျပည္နယ္

အခုလို လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကို လုပ္ႀကံေရးသားတာဟာ ရည္ရြယ္ခ်က္ရွိရွိနဲ႔ အဖြဲ႔အစည္းတစ္ခု ဒါမွမဟုတ္၊ လူပုဂၢိဳလ္တစ္ေယာက္ေယာက္က အမုန္းပြားေအာင္ဖန္တီးလိုက္တာျဖစ္ေၾကာင္းနဲ႔ ဒီအေပၚမွာ သူ႔အေနနဲ႔သံသယျဖစ္မိ ေၾကာင္း ဦးထြန္းသာစိန္ကေျပာပါတယ္။

Sound bite – ဦးထြန္းသာစိန္ (ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္)
ေျမာက္ဦးၿမိဳ႕နယ္ အမွတ္ ၁ မဲဆႏၵနယ္ေျမ၊ ရခိုင္ျပည္နယ္

အဲ့ဒီကိစၥနဲ႔ပတ္သက္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ဦးထြန္းသာစိန္က Myanmar News Week ဂ်ာနယ္ဟာ မီဒီယာက်င့္ဝတ္ကို ေဖာက္ဖ်က္တဲ့အတြက္ ဥပေဒနဲ႔အညီေရးယူေဆာင္ရြက္ေပးဖုိ႔ မေန႔ မတ္လ ၂၁ ရက္ေန႔ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီကို တိုင္ၾကားထားတယ္လို႔ ေျပာပါတယ္ခင္ဗ်ာ။

Myanmar News Week ဂျာနယ်မှာဖော်ပြထားတဲ့ သတင်းနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်

မြောက်ဦးပစ်ခတ်မှု ဖြစ်စဉ်နဲ့ပတ်သက်လို့ Myanmar News Week ဂျာနယ်မှာဖော်ပြထားတဲ့ သတင်းစာသားနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

မတ်လ ၁၅ ရက်ကနေ ၁၈ ရက်နေ့အတွင်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ Myanmar News Week ဂျာနယ်မှာဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်မှာ မြောက်ဦးမြို့ပေါ်ကို AA သောင်းကျန်းသူ အဖွဲ့က လက်နက်အပြည့်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားတယ်ဆို ပြီး ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အဲ့ဒီသတင်းဖော်ပြချက်နဲ့ပတ်သက်ပြီး ဘယ်မီဒီယာတွေကိုမှ ပြောဆိုဖြေကြားပေးခြင်းမရှိခဲ့သလို အခုလို ရေးသားတာဟာ တမင်သက်သက်လုပ်ကြံတာဖြစ်ပြီး ရခိုင်လူမျိုးတစ်ခုလုံးကို စော်ကားရာရောက်တယ်လို့ မတ်လ ၂၁ ရက်နေ့က မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးထွန်းသာစိန်က ပြောကြားခဲ့ပါတယ်။

Sound bite – ဦးထွန်းသာစိန် (ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
မြောက်ဦးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ၊ ရခိုင်ပြည်နယ်

အခုလို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို လုပ်ကြံရေးသားတာဟာ ရည်ရွယ်ချက်ရှိရှိနဲ့ အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ်၊ လူပုဂ္ဂိုလ်တစ်ယောက်ယောက်က အမုန်းပွားအောင်ဖန်တီးလိုက်တာဖြစ်ကြောင်းနဲ့ ဒီအပေါ်မှာ သူ့အနေနဲ့သံသယဖြစ်မိ ကြောင်း ဦးထွန်းသာစိန်ကပြောပါတယ်။

Sound bite – ဦးထွန်းသာစိန် (ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
မြောက်ဦးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ၊ ရခိုင်ပြည်နယ်

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်က Myanmar News Week ဂျာနယ်ဟာ မီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်တဲ့အတွက် ဥပဒေနဲ့အညီရေးယူဆောင်ရွက်ပေးဖို့ မနေ့ မတ်လ ၂၁ ရက်နေ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို တိုင်ကြားထားတယ်လို့ ပြောပါတယ်ခင်ဗျာ။