Myanmar Entrepreneurship Summit 2019 ပြဲ ျပဳလုပ္မယ္

0
36

ျပည္တြင္းက လူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြ ျပည္ပေစ်းကြက္ရရွိေစဖို႔ရည္ရြယ္ၿပီး Myanmar Entrepreneurship Summit 2019 ပြဲကုိ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဝထြန္း ကေပးပို႔ထားပါတယ္။ 

Myanmar Entrepreneurship Summit 2019 ကို ႏိုဝင္ဘာလ (၁၆) ရက္ေန႔မွာ  ရန္ကုန္ၿမိဳ႔ fortune Plaza မွာ ျပဳလုပ္သြားမွာ ျဖစ္ၿပီး ျပည္တြင္းျပည္ပ က စြန္႔ဦးတီထြင္ လုပ္ငန္းရွင္ေတြ တက္ေရာက္မွာျဖစ္ပါတယ္။

Soundbite ; ဦးေအာင္သူရ (ဥကၠဌ) ျမန္မာႏိုင္ငံလူငယ္စြန္႔ဦး တီထြင္လုပ္ငန္းရွင္းမ်ားအသင္း

ဒီပြဲကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တက္ေရာက္ မိန္႔ခြန္းေျပာၾကားမွာျဖစ္ၿပီး အတိုပင္ခံပုဂၢိဳလ္ ရဲ႕ စီးပြားေရးဆိုင္ရာ ၾသ၀ါဒမိန္႔ခြန္းကို လူငယ္စြန္႔ဦးတီထြင္ လုပ္ငန္းရွင္ေတြက ေမွ်ာ္လင့္ေနၾကတာျဖစ္ပါတယ္။

Soundbite ; ေဒါက္တာေမေဇာ္သက္ (Auditor)ျမန္မာႏိုင္ငံလူငယ္စြန္႔ဦး တီထြင္လုပ္ငန္းရွင္းမ်ားအသင္း

Myanmar Entrepreneurship Summit 2019 ပြဲမွာ ျမန္မာႏိုင္ငံလူငယ္စြန္႔ဦး တီထြင္လုပ္ငန္းရွင္းမ်ား အသင္း ကေနၿပီးေတာ့ စြန္႔ဦးတီထြင္လူငယ္လုပ္ငန္းရွင္းေတြ ကို စြန္႔ဦးတီထြင္ဆိုင္ရာ ဆုတံဆိပ္ေတြ ခ်ီးျမွင့္သြားမွာျဖစ္ပါတယ္ခင္ဗ်ာ။

ပြည်တွင်းက လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပြည်ပဈေးကွက်ရရှိစေဖို့ရည်ရွယ်ပြီး Myanmar Entrepreneurship Summit 2019 ပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဝေထွန်း ကပေးပို့ထားပါတယ်။

Myanmar Entrepreneurship Summit 2019 ကို နိုဝင်ဘာလ (၁၆) ရက်နေ့မှာ ရန်ကုန်မြို့ fortune Plaza မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး ပြည်တွင်းပြည်ပ က စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ တက်ရောက်မှာဖြစ်ပါတယ်။

Soundbite ; ဦးအောင်သူရ (ဥက္ကဌ) မြန်မာနိုင်ငံလူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်းများအသင်း

ဒီပွဲကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် မိန့်ခွန်းပြောကြားမှာဖြစ်ပြီး အတိုပင်ခံပုဂ္ဂိုလ် ရဲ့ စီးပွားရေးဆိုင်ရာ သြဝါဒမိန့်ခွန်းကို လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေက မျှော်လင့်နေကြတာဖြစ်ပါတယ်။

Soundbite ; ဒေါက်တာမေဇော်သက် (Auditor)မြန်မာနိုင်ငံလူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်းများအသင်း

Myanmar Entrepreneurship Summit 2019 ပွဲမှာ မြန်မာနိုင်ငံလူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်းများ အသင်း ကနေပြီးတော့ စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်းတွေ ကို စွန့်ဦးတီထွင်ဆိုင်ရာ ဆုတံဆိပ်တွေ ချီးမြှင့်သွားမှာဖြစ်ပါတယ်ခင်ဗျာ။