MSI ရဲ႕ ၁၁ ႀကိမ္ေျမာက္ ပညာရပ္ဆိုင္ရာျပပြဲကို ရန္ကုန္မွာ ျပဳလုပ္

0
250

အင္ဂ်င္နီယာဆိုင္ရာဘာသာရပ္၊ စီးပြားေရးဆိုင္ရာဘာသာရပ္ေတြကို ေရြးခ်ယ္တက္ေရာက္ႏိုင္မယ့္ MSI ရဲ႕ ၁၁ ႀကိမ္ေျမာက္ ပညာရပ္ဆိုင္ရာျပပြဲကို ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေသာ္တာတိုးက ေပးပို႔ထားပါတယ္။

တကၠသိုလ္ဝင္တန္းေအာင္ျမင္ထားသူေတြအတြက္ အင္ဂ်င္နီယာနဲ႔ စီးပြားေရး ဆိုင္ရာဘာသာရပ္ေတြကို အေမရိကန္ျပည္ေထာင္စု၊ စင္ကာပူ၊ ၾသစေတလ်၊ ထိုင္း၊ မေလးရွားစတဲ့ ႏိုင္ငံေတြက နာမည္ႀကီး တကၠသိုလ္ေတြျဖစ္တဲ့ Webster University၊ James Cook University ေတြကို သြားေရာက္္သင္ယူနိုင္မယ့္ ပညာေရးဆိုင္ရာ ျပပြဲကို ဇြန္လ ၁၄ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဆူးေလ ရွန္ဂရီလာဟိုတယ္မွာ ျပဳလုပ္ခဲ့တာပါ။

Soundbite – ေဒၚစုစုလႈိင္ (မန္းေနဂ်င္းဒါရိုက္တာ)

                 MSI နိုင္ငံျခားပညာေရး၀န္ေဆာင္မႈ

ဒီပညာေရးဆိုင္ရာျပပြဲမွာ ေက်ာင္းသားလူငယ္ေတြ စိတ္၀င္စားတဲ့ ဘာသာရပ္ေတြျဖစ္တဲ့ အင္ဂ်င္နီယာ၊ ေဆးပညာ၊ စီးပြားေရးနဲ႔ နည္းပညာဆိုင္ရာဘာသာရပ္ေတြကို ပါဝင္ျပသခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ကိုယ္တက္ေရာက္ခ်င္တဲ့ တကၠသိုလ္ေတြမွာ ပညာသင္ေထာက္ပံ့စာရိတ္ေတြကို ေလွ်ာက္ထားနိုင္မွာျဖစ္သလို ပညာသင္ေထာက္ပ့ံစားရိတ္ ရာႏႈန္းျပည့္ရရွိႏိုင္မယ့္ အခြင့္အေရးေတြလည္း ရွိပါတယ္။ ရရွိနိုင္မွာလဲျဖစ္ပါတယ္။

Soundbite – ဇင္မာစိုး (Regional Manager)

                  James Cook University

အဲ့ဒီ တကၠသိုလ္ေတြမွာ တက္ေရာက္ပညာသင္ၾကားၿပီး ေက်ာင္းၿပီးတာနဲ႔ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့ ႏိုင္ငံေတြမွာ အလုပ္သင္အျဖစ္ အလုပ္ဝင္ႏိုင္မွာျဖစ္သလို နာမည္ရွိ ကုမၸဏီေတြမွာလည္း အလုပ္ေလွ်ာက္ထားနိုင္မွာ ျဖစ္တယ္လို႔ ေျပာပါတယ္ခင္ဗ်ာ။

အင်ဂျင်နီယာဆိုင်ရာဘာသာရပ်၊ စီးပွားရေးဆိုင်ရာဘာသာရပ်တွေကို ရွေးချယ်တက်ရောက်နိုင်မယ့် MSI ရဲ့ ၁၁ ကြိမ်မြောက် ပညာရပ်ဆိုင်ရာပြပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူတွေအတွက် အင်ဂျင်နီယာနဲ့ စီးပွားရေး ဆိုင်ရာဘာသာရပ်တွေကို အမေရိကန်ပြည်ထောင်စု၊ စင်ကာပူ၊ သြစတေလျ၊ ထိုင်း၊ မလေးရှားစတဲ့ နိုင်ငံတွေက နာမည်ကြီး တက္ကသိုလ်တွေဖြစ်တဲ့ Webster University၊ James Cook University တွေကို သွားရောက်သင်ယူနိုင်မယ့် ပညာရေးဆိုင်ရာ ပြပွဲကို ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။

Soundbite – ဒေါ်စုစုလှိုင် (မန်းနေဂျင်းဒါရိုက်တာ)
MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှု

ဒီပညာရေးဆိုင်ရာပြပွဲမှာ ကျောင်းသားလူငယ်တွေ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေဖြစ်တဲ့ အင်ဂျင်နီယာ၊ ဆေးပညာ၊ စီးပွားရေးနဲ့ နည်းပညာဆိုင်ရာဘာသာရပ်တွေကို ပါဝင်ပြသခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်တက်ရောက်ချင်တဲ့ တက္ကသိုလ်တွေမှာ ပညာသင်ထောက်ပံ့စာရိတ်တွေကို လျှောက်ထားနိုင်မှာဖြစ်သလို ပညာသင်ထောက်ပံ့စားရိတ် ရာနှုန်းပြည့်ရရှိနိုင်မယ့် အခွင့်အရေးတွေလည်း ရှိပါတယ်။ ရရှိနိုင်မှာလဲဖြစ်ပါတယ်။

Soundbite – ဇင်မာစိုး (Regional Manager)
James Cook University

အဲ့ဒီ တက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ကြားပြီး ကျောင်းပြီးတာနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ နိုင်ငံတွေမှာ အလုပ်သင်အဖြစ် အလုပ်ဝင်နိုင်မှာဖြစ်သလို နာမည်ရှိ ကုမ္ပဏီတွေမှာလည်း အလုပ်လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်ခင်ဗျာ။