MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာချန်ပီယံ အောင်လအန်ဆိုင်းကို ကာကွယ်ရေးဦးစီးချုပ်   ဂုဏ်ပြုဆုငွေ ၁၀၀ သိန်းပေး

0
277

ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာသူ ကချင်တိုင်းရင်းသား အောင်လအန် ဆိုင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၁၀၀)ချီးမြှင့်ခဲတယ်လို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကိုယ်စားရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်သက်ပုံက ဂုဏ်ပြုဆုတွေပေးအပ်ခဲ့ပါတယ်။

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့ခြင်းနှင့် ပတ်သက်လို့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တာ ကြောင့် ၀မ်းမြောက်ဂုဏ်ယူပြီး ပြိုင်ပွဲတွင်ရရှိခဲ့တဲ့ထိခိုက်ဒဏ်ရာတွေ လည်း အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားခဲ့တဲ့ ဆုမွန်တောင်းစကားကို ဗိုလ်မှူးချုပ် သက်ပုံက ပြန်လည်ပြောဆိုခဲပါတယ်။

MMA   ကမ္ဘာမစ်ဒယ်ဝိတ်တန်း ကမ္ဘာချန်ပီယံ အောင်လန်အန်ဆိုင်း က ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို အမှတ်တရ လက်ဆောင်အဖြစ် လက်ဝှေ့အိတ်ပေးအပ်ခဲ့ပါတယ်။