Miss & Mister Tourism and Culture 2019 ရဲ႕ Grand Final ပြဲ ၾသဂုတ္လ ၃၁ ရက္ေန႔မွာ ျပဳလုပ္မယ္

0
67

Miss & Mister Tourism and Culture 2019 ရဲ႕  Grand Final ပြဲကို ၾသဂုတ္လ ၃၁ ရက္ေန႕မွာျပဳလုပ္သြားမွာ ျဖစ္ပါတယ္ ။ ဒီသတင္းကို MCN သတင္းေထာက္ အာကာထက္က ေပးပို႕ထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္မႈလုပ္ငန္းစဥ္ေတြကို အေထာက္အကူျပဳႏိုင္ဖို႕နဲ႕ ႏိုင္ငံရဲ႕ ေရွး ေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ေတြ၊ ဓေလ့ထံုးတမ္းအစဥ္အလာေတြကို ကမာၻ႔ႏိုင္ငံေတြကျမင္ေတြ႔ႏိုင္ေစဖို႕အ တြက္ ဒုတိယအႀကိမ္ေျမာက္ Miss & Mister Tourism and Culture Universe ကိုက်င္းပသြားမွာျဖစ္တယ္လို႕ Miss & Mister Tourism and Culture Company Limited ကေျပာပါတယ္။

အဲဒီ ပြဲအတြက္ အႀကိဳသတင္းစာရွင္းလင္းပြဲအခမ္းအနားကို ၾသဂုတ္လ ၂၃ ရက္ေန႕က ရန္ကုန္ၿမိဳ႕၊ သာေကတ ၿမိဳ႕နယ္မွာရွိတဲ့ Emerald Bay မွာျပဳလုပ္ခဲ့တာပါ။

Soundbite – Lamai Robin (Managing Director)

Miss & Mister Tourism and Culture Universe Company Limited

ဒါ့အျပင္ ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံကအိမ္ရွင္ႏိုင္ငံအေနနဲ႕ လက္ခံက်င္းပမွာျဖစ္ၿပီး ဒီႏွစ္မွာ ႏိုင္ငံတကာက ႏိုင္ငံေပါင္း ၂၅ ႏိုင္ငံက ကိုယ္စားျပဳအလွေမာင္မယ္ေတြလာေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္တယ္လို႔ေျပာပါတယ္။

Soundbite – Lamai Robin (Managing Director)

Miss & Mister Tourism and Culture Universe Company Limited

ပထမအႀကိမ္ Miss & Mister Tourism and Culture ပြဲႀကီးကို ၂၀၁၈ ခုႏွစ္ ေဖေဖာ္၀ါရီလက ျမန္မာႏိုင္ငံမွာပဲ က်င္းပခဲ့တာျဖစ္ၿပီး ႏိုင္ငံေပါင္း ၁၈ ႏိုင္ငံက ကိုယ္စားျပဳအလွေမာင္မယ္ေတြလာေရာက္ယွဥ္ၿပိဳင္ခဲ့တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

Miss & Mister Tourism and Culture 2019 ရဲ့ Grand Final ပွဲ သြဂုတ်လ ၃၁ ရက်နေ့မှာ ပြုလုပ်မယ်


Miss & Mister Tourism and Culture 2019 ရဲ့ Grand Final ပွဲကို သြဂုတ်လ ၃၁ ရက်နေ့မှာပြုလုပ်သွားမှာ ဖြစ်ပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။
မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေကို အထောက်အကူပြုနိုင်ဖို့နဲ့ နိုင်ငံရဲ့ ရှေး ဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို ကမ္ဘာ့နိုင်ငံတွေကမြင်တွေ့နိုင်စေဖို့အ တွက် ဒုတိယအကြိမ်မြောက် Miss & Mister Tourism and Culture Universe ကိုကျင်းပသွားမှာဖြစ်တယ်လို့ Miss & Mister Tourism and Culture Company Limited ကပြောပါတယ်။


အဲဒီ ပွဲအတွက် အကြိုသတင်းစာရှင်းလင်းပွဲအခမ်းအနားကို သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ သာကေတ မြို့နယ်မှာရှိတဲ့ Emerald Bay မှာပြုလုပ်ခဲ့တာပါ။
Soundbite – Lamai Robin (Managing Director)
Miss & Mister Tourism and Culture Universe Company Limited
ဒါ့အပြင် ပြိုင်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအနေနဲ့ လက်ခံကျင်းပမှာဖြစ်ပြီး ဒီနှစ်မှာ နိုင်ငံတကာက နိုင်ငံပေါင်း ၂၅ နိုင်ငံက ကိုယ်စားပြုအလှမောင်မယ်တွေလာရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ပြောပါတယ်။


Soundbite – Lamai Robin (Managing Director)
Miss & Mister Tourism and Culture Universe Company Limited


ပထမအကြိမ် Miss & Mister Tourism and Culture ပွဲကြီးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာပဲ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံက ကိုယ်စားပြုအလှမောင်မယ်တွေလာရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။