MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၁၀) ရက်

0
281


မင်္ဂလာပါရှင်။ MCN သတင်းဌာနရဲ့ နေ့စဉ် ရုပ်သံအစီအစဉ်က ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာ သက္ကရာဇ် ၁၃၇၇ ခုနှစ်၊ တပေါင်းလဆန်း (၂) ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၆ ခုနှစ်၊ မတ်လ (၁၀) ကြာသာပတေးနေ့ ညနေ (၆) နာရီအထိ နောက်ဆုံး ရရှိထားတဲ့

သတင်းတွေကို တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့မှာ ရှု့စားကြရမယ့် သတင်းတွေမှာဆိုရင်တော့

၁။ ဒုတိယ​သမ္မတလောင်း အမည်​စာရင်းတွေကို ပြည်​သူ့လွှတ်​​တော်​နဲ့ အမျိုးသားလွှတ်​​တော်​တို့မှာ တင်​သွင်းခဲ့တဲ့သတင်း

၂။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဒုတိယအဆင့်မှာ လက်ရှိအခြေအနေတွေကနေ ယိမ်းယိုင်သွားမှာကို လက်မခံနိုင်ဘူးလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်တဲ့အကြောင်း

၃။ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသားတွေအပေါ် တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး တရားမျှတမှုရှိဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တောင်းဆိုလိုက်တဲ့ သတင်း